တာဝန်သိခြင်းသည် ကိုယ်ကျင့်၊ တာဝန်ယူဝံ့ခြင်းသည် သတ္တိ၊ တာဝန်ဆောင်နိုင်ခြင်းသည် စွမ်းရည်။ “ဆရာအောင်သင်း”.

Friday, May 25

0

၂၄ နာရီလျှပ်စစ်မီးရရှိရေး ဆန္ဒပြလှုပ်ရှားမှု

  • Friday, May 25
  • New Generation 2010

  • လျှပ်စစ်မီး ၂၄ နာရီရရှိရေး လှုပ်ရှားမှုဟာ ၂၅.၅.၂၀၁၂ ရက်နေ့မှာ ၄ ရက်မြောက်နေ့ဖြစ်ခဲ့ပါပြီ။ တောင်းဆို မှုတွေမှာ ပိုမိုပြင်းထန်လာသလို တာဝန်ရှိသူများ နှုတ်ထွက်ပေးဖို့အထိ ပြည်သူတွေက တောင်းဆိုလာကြပါ ပြီ။ နိုင်ငံတော်အစိုးရရဲ့ ပြောကြားချက်တွေအပေါ် စောင့်စိုင်းဖို့နဲ့ ဆက်လက်လှုပ်ရှားမှုပြုရေး အများပြည်သူ ဆန္ဒမှာ စောင့်စိုင်းလိုသူတွေ ရှိသလို ဆက်လက်လှုပ်ရှားမှု ပြုလိုသူတွေလည်း ရှိနေပါတယ်။
    အနယ်နယ်အရပ်ရပ်မှာ လျှပ်စစ်မီးရရှိရေး ဆောင်ရွက်သူတွေကို ဖမ်းဆီးအရေးယူခြင်း မလုပ်ဖို့လည်း တောင်းဆိုလိုက်ပါတယ်။

    (၁) “အခုမဂ္ဂ၀ပ် ၁၅၀၀ တောင် ကုန်အောင်မသုံးနိုင်ဘူး” .....
    ပြည်ထောင်စုဝန်ကြီး ဦးဇော်မင်း
    (၂) “ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်း ရွှေလီရေအားလျှပ်စစ်စက်ရုံက ရန်ကုန်အပါအ၀င် ပြည်နယ်နှင့် တိုင်းဒေသကြီးအားလုံးကို မဂ္ဂါဝပ် ၂၀၀ ပုံမှန်ပေးနေတာပါ။
    ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့
    ဥက္ကဌ
    ဦးအောင်ခိုင်
    (၃) “မြန်မာတစ်နိုင်ငံလုံး၏ လျှပ်စစ်လိုအပ်ချက် ပမာဏမှာ ၁၈၀၀ မဂ္ဂါဝပ်ကျော် ဖြစ်သော်လည်း ၂၁.၅.၂၀၁၂ ရက်က စတင်ကာ ၉၀၀ ကျော်သာရရှိတော့မည်ဖြစ်ကြောင်း”
    ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့
    ဒုဥက္ကဌ
    ဦးမောင်မောင်လတ်
    “မြန်မာပြည်လျှပ်စစ်”
    လိုအပ်နေတာက = ၁၈၀၀ မဂ္ဂါဝပ်
    ပြောခဲ့ဖူးတာက   = ၁၅၀၀ မဂ္ဂါဝပ်
    ပျက်သွားတာက  =   ၂၀၀ မဂ္ဂါဝပ်
    ဘာကြောင့် ၂၁.၅.၂၀၁၂ ရက်ကစ မဂ္ဂါဝပ် ၉၀၀ ကျော်သာရရှိပါတော့သနည်း
    ကျောင်းသားလူငယ်များ


    Read more...
    1

    ထာဝရငြိမ်းချမ်း 67

  • New Generation 2010



  • ၂၅.၅.၂၀၁၂ ရက်နေ့မှာ နိုဘယ်ငြိမ်ချမ်းရေးဆုရှင်ဒေါ်အောင်ဆန်းစုကြည်၏ ၆၇ နှစ်မြောက်မွေးနေ့ ဂုဏ်ပြုခြင်း အကြို (ထာဝရငြိမ်းချမ်း 67 )သတင်းစာရှင်းလင်းပွဲကို တော်ဝင်နှင်းဆီတွင် ကျင်းပခဲ့ရာ နိုင်ငံရေးအသိုင်းအ၀ိုင်းမှ ပုဂ္ဂိုလ်များ စာပေနယ်ပယ်မှ ပုဂ္ဂိုလ်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြပြီး စစ်ဖြစ်နေသော ဒေသများတွင် လုံးဝငြိမ်းချမ်းရေး လက်မှတ်ရေးထိုး တောင်းဆိုခြင်းကို ပြုလုပ်သွားမည် ကြောင်းသိရသည်။ အဆိုပါအခမ်းအနားတွင် ကဗျာဆရားများက ကဗျာရွတ်ဖတ်ခြင်းနှင့် ငြိမ်းချမ်းရေးအမှတ်တရစကားပြောကြားခြင်းနှင့် တေးသံရှင် များက ငြိမ်းချမ်းရေးသီချင်းများ သီဆိုဖျော်ဖြေသွားကြသည်။












    Read more...

    Monday, May 14

    0

    ကိုယ်ပိုင်မီဒီယာနဲ့ နိုင်ငံရေးသမားကို အသုံးချမယ့် ခင်ရေ

  • Monday, May 14
  • New Generation 2010
  • လွှတ်တော် ကိုယ်စားလှယ်ကြီးတစ်ဦးက လွှတ်တော်ကိုယ်စားလှယ်ကြီး တစ်ဦးပိုင် မီဒီယာကနေ ဆောင်းပါး တစ်ပုဒ်လွှတ်လိုက်တယ်။ စီးပွားရေးသမားလား နိုင်ငံရေးသမားလား တော့မသိဘူး။ အကွက်စေ့အောင် မြင်တတ်တဲ့ ခရိုနီ ကိုယ်ကျိုးရှာ နေရာယူ လွှတ်တော်အမတ်ကြီးက ဘယ်လိုဘယ်လို စည်းရုံးသိမ်းသွင်း လိုက်လေသည်တော့မသိ။ ငွေပေးနိုင်ရင် နိုင်ငံရေးသမားလည်း ခြယ်လှယ်လို့ ရတာပဲ။ လူတိုင်းကိုတော့ မပြောလိုပါ။ လူတိုင်းလည်း အဲဒီအလုပ်တော့မလုပ်ပါ။ ထိန်းချုပ်ဖို့ ခက်တာ နိုင်ငံရေးသမားဆိုတာလည်း အသိသားပဲ။
    Read more...

    Wednesday, April 18

    0

    5000တန်ဖုန်းကဒ်ရရှိရေး ဆန္ဒပြတောင်းဆိုမည်

  • Wednesday, April 18
  • New Generation 2010

  • ဆန္ဒပြတောင်းဆိုရန် ပူးပေါင်း ပါဝင်ကြဖို့ အနူးအညွတ် မေတ္တာရပ်ခံသည်။ ရှည်လျှားလှစွာသော ကာလတစ်လျှောက် ပြည်သူ့အကျိုးကို မျက်ကွယ်ပြုခဲ့ကြသော
    အစိုးရအဆက်ဆက်တို့အား တော်လှန်ရင်း တိုက်ခိုက်ရင်း အချိန်ကုန်ခဲ့ရသော မြန်မာပြည်သူများအဖို့ ယခုတစ်ကြိမ်သည်လည်း အများပြည်သူအကျိုး
    ရှေးရှု၍ မိမိတို့လိုလားအပ်သော မိမိတို့နှင့် အပ်စပ်သော ဖြစ်သင့်သည်မှာကြာပြီဖြစ်သော ကိစ္စတစ်ရပ်ကို နှေးကွေးတုံးဆိုင်းစွာ ဆောင်ရွက်နေခြင်း အပေါ် ကျွန်ုပ်တို့
    အားလုံးပူးပေါင်း၍ မိမိတို့၏ ဆန္ဒအမှန်ကို ဖော်ထုတ်ကြပါစို့...
    ပူးပေါင်းပါဝင်လိုသူတိုင်း လွတ်လပ်စွာ ဆက်သွယ်၍ ဆောင်ရွက်သွားမည့် ကိစ္စများကို ညှိနှိုင်းသွားမည် ဖြစ်သည်။
    5000phonecard@gmail.com

    ဆက်လက်မျှဝေပေးကြပါ ...

    Read more...

    Thursday, March 29

    0

    ကိုယ့်လည်ပင်းစွပ်မယ့် ကြိုးကွင်းတွေ ဘယ်သူတွေ ၀င်ကျစ်ပေးတာလဲ

  • Thursday, March 29
  • New Generation 2010
  • - လူထု စိန်ဝင်း -

    အခုတစ်လော ရောက်လာသမျှ ပြည်တွင်း၊ပြည်ပ သတင်းမီဒီယာသမား အားလုံးက တစ်ခုတည်းသော မေးခွန်းကိုပဲ မေးကြတယ်။ သတင်းမီဒီယာလောကသား အားလုံး စိတ်ဝင်တစား ပြောဆိုဆွေးနွေးနေကြတဲ့ “မီဒီယာ ဥပဒေ” ဆိုတာကို ဘယ်လိုမြင်သလဲဆိုတဲ့ မေးခွန်းဖြစ်တယ်။
    မီဒီယာဖွံ့ဖြိုးရေး ညီလာခံ
    ဒီလ ၁၈ ရက် ၁၉ ရက်က ပြန်ကြားရေးဝန်ကြီးဌာနနဲ့ ကုလသမဂ္ဂပညာရေးသိပ္ပံနဲ့ ယဉ်ကျေးမှုအဖွဲ့ (ယူနက်စကို) တို့ ပူးပေါင်းပြီး “မြန်မာနိုင်ငံ မီဒီယာဖွံ့ဖြိုးတိုးတက်ရေး ညီလာခံ” ဆိုတဲ့ ညီလာခံတစ်ခု ကျင်းပခဲ့တယ်။ အဲဒီမှာ ပြည်ပအဖွဲ့အစည်းတချို့က ကိုယ်စားလှယ်တွေ တက်ရောက်ပြီး စာတမ်းဖတ် ကြားသလို ပြည်တွင်းမီဒီယာ သမားတချို့လည်း စာတမ်းများဖတ်ကြတယ်။ ပြန်ကြားရေးနဲ့ ပြည်သူ့ဆက် ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲထွဋ်က “New Media Laws and regulations in Myanmar” ဆိုတဲ့ခေါင်းစဉ်နဲ့ စာတမ်းဖတ်ကြားသွားကြောင်း သိရတယ်။ လူတွေပြောနေကြတဲ့ မီဒီယာ ဥပဒေဆိုတာက  ဒါပဲဖြစ်ပါလိမ့်မယ်။ ဘာတွေပါတယ်ဆိုတာ မသိပါဘူး။ ယေဘုယျ သဘောတော့ပြောနိုင်ပါတယ်။
    တည်ငြိမ်အေးချမ်းဖို့
    ဥပဒေဆိုတာ ဘယ်နိုင်မှာဖြစ်ဖြစ် ဘာစနစ်နဲ့အုပ်ချုပ် အုပ်ချုပ်၊ လူတွေကို ထိန်းချုပ်ဖို့ လုပ်ကြတာချည်း ဖြစ်တယ်။ မရှိမကောင်း၊ ရှိမကောင်းဆိုတဲ့ အရာဖြစ်တယ်။ လူ့အဖွဲ့အစည်းတည်တည်ငြိမ်ငြိမ်နဲ့ အေးချမ်းသာယာဖို့အတွက် လူတိုင်းလူတိုင်းမှာ သဘာဝအရ ရှိနေကြတဲ့ အရိုင်းစိတ်တွေနဲ့ ပရမ်းပတာ စိတ်တွေကို အနားကွပ်ပြီး ထိန်းသိမ်းပေးဖို့လိုတယ်။ ဥပဒေက ဒီတာဝန်ကို ယူရတယ်။ လူ့အဖွဲ့အစည်းဆို တာက လူမျိုးပေါင်းစုံ ပါဝင်နေတာဖြစ်လို့ဆိုပြီး လူတိုင်းနဲ့ကိုက်ညီအောင် ဥပဒေကို လိုက်ညှိရေးလို့ မရဘူး။ ဥပဒေဆိုတာ ဘယ်နေရာဖြစ်ဖြစ်၊ ဘယ်အချိန်အခါဖြစ်ဖြစ်၊ ဘယ်သူ့အတွက်ဖြစ်ဖြစ် တစ်မျိုးတည်း၊ တစ်သမတ်တည်း ဖြစ်ရတယ်။ သူ့ကျတော့တစ်မျိုး၊ ငါ့ကျတော့ တစ်မျိုး၊ လိုရင်တစ်မျိုး၊ မလိုရင်တစ်မျိုး လုပ်လို့မရဘူး။ ဥပဒေရှေ့မှောက်မှာ နိုင်ငံသားအားလုံး တစ်ပြေးညီ ဖြစ်ရတယ်။ ဥပဒေအထက်မှာ ဘယ်သူမှ မရှိစေရဘူး။
    ကာကွယ်စောင့်ရှောက်မှုပေးရမယ်
    ဥပဒေက လက်လှမ်းမမီတဲ့ လူတန်းစားတစ်ရပ် သီးခြားတည်ရှိနေတာမျိုးလည်း လုံးဝမရှိစေရဘူး။ ရှိနေရင်လည်း အဲဒါ အာဏာရှင်နိုင်ငံပဲ ဖြစ်တယ်။ ဒီမိုကရေစီနိုင်ငံ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ဒီမိုကရေစီနိုင်ငံ ဆိုတာ တိုင်းသူပြည်သားအားလုံး တန်းတူညီမျှရှိရတယ်။ စံစရာရှိ အတူစံပြီး ခံစရာရှိလည်း အတူခံရတယ်။ တောင်ယာလုပ်တဲ့ လယ်သမားတွေဆီက ဘိမ်း(ကွမ်းပုံ) ကလေးတစ်ငုံစာမိတာကို ထောင်ခုနှစ်နှစ် ပြစ်ဒဏ်ချ ပြီး သိန်း ၇၀၀၀ ဖိုး ဘိန်းတွေ၊ ဆေးပြားတွေနဲ့မိတဲ့ လော်ပန်ကြီးကတော့ အုတ်နံရံအမြင့်ကြီးနဲ့ ဘုံခုနှစ်ဆင့် နန်းတော်ကြီးထဲမှာ ဇိမ်ကျနေမြဲ ကျနေတာမျိုး လုံးဝမရှိရဘူး။ အဲဒီလို မညီမျှမှုတွေ ရှိနေသေးသရွေ့ ဒီမိုကရေစီ နိုင်ငံလို့ မခေါ်နိုင်ဘူး။ ဒီမိုကရေစီ စနစ်မှာ အခွင့်ထူးခံ လူတန်းစားလုံးဝမရှိရဘူး။ ဥပဒေဟာ နိုင်ငံသားအားလုံးကို ထိန်းချုပ်သလို နိုင်ငံသားအားလုံး စိတ်ချလက်ချ လုပ်ကိုင်စားသောက်နိုင်အောင် ကာကွယ် စောင့်ရှောက်မှုလည်း ပေးရမယ်။

    အပ်နဲ့ထွင်းရမှာ ပုဆိန်နဲ့ပေါက်
    ထိန်းချုပ်မှုနဲ့ ကာကွယ်စောင့်ရှောက်မှုမှာ ကာကွယ်စောင့်ရှောက်မှုဘက်က အလေးသာမှ အဲဒီနိုင်ငံဟာ နေပျော်တဲ့ နိုင်ငံတစ်ခု ဖြစ်မှာပါ။ ထိန်းချုပ်မှု လွန်ကဲရင် စိတ်ညစ်စရာ ကောင်းပါတယ်။ အာဏာရှင် စနစ်ကို လူတွေစက်ဆုပ်မုန်းတီးတာက အဲဒီအချက်အဓိကပဲ။ အာဏာရှင်စနစ်တိုင်းမှာက ဘယ်ကိစ္စမဆို သူတို့ဘ၀လုံ ခြုံရေး၊ သူတို့အာဏာတည်မြဲရေးကိုပဲ အမြဲဂရုစိုက်တွေးလေ့၊ ကြည့်လေ့ရှိတယ်။ မလိုအပ်ဘဲနဲ့ တင်းကြပ်လွန်း တဲ့ဥပဒေတွေ ချမှတ်ပြဋ္ဌာန်းရုံမက သဘာဝမကျစွာ ပြင်းပြင်းထန်ထန် အရေးယူတာမျိုးလည်း လုပ်လေ့ရှိတယ်။ အပ်နဲ့ထွင်းရမယ့် ကိစ္စကို ပုဆိန်နဲ့ ပေါက်တတ်သေးတယ်။
    သဟဇာတ ဖြစ်မှု
    ပုဆိန်နဲ့ ပေါက်တဲ့ အစိုးရဆိုတော့လည်း လူတွေက ရွံကြောက်ကြီး ဖြစ်နေတာပေါ့။ ဒါဆိုရင် ဘယ်ကောင်းတော့ မှာလဲ။ အစိုးရဆိုတာ တိုင်းသူပြည်သားများရဲ့ လစာရိက္ခာကိုစားတဲ့ ပြည်သူ့ဝန်ထမ်းလို့ခေါ်တဲ့ အဆိုနဲ့ ဖြောင့်ဖြောင့်ကြီးဆန့်ကျင်နေမှာ မဟုတ်လား။ အစိုးရနဲ့ ပြည်သူဆိုတာ တစ်သားတည်းကျနေရမှာမျိုး ဖြစ်တယ်။ အစိုးရက ပြည်သူကို ကာကွယ်စောင့်ရှောက်ရမယ်။ ပြည်သူက အစိုးရကို ပံ့ပိုးကူညီရမယ်။ အစိုးရနဲ့ ပြည်သူ သဟဇာတ ဖြစ်ရင် တိုင်းပြည်သာယာတယ်။ သဟဇာတမဖြစ်ရင် ပစ္စန္တရစ်အရပ်လို နေချင်စဖွယ် မရှိဘူး။  ပစ္စန္တရစ်အရပ်ဖြစ်ရတဲ့ကိစ္စမှာ အများအားဖြင့် အုပ်ချုပ်ရေးအာဏာကို ချုပ်ကိုင်ရယူထားတဲ့ အစိုးရများရဲ့ တာဝန်သာဖြစ်တယ်။
    ဒေ၀ါလီခံရအောင် လုပ်လို့
    အစိုးရက အုပ်ချုပ်ရေးညံ့ဖျင်းလို့၊ အာဏာကို အလွဲသုံးစားလုပ်လို့၊ ဥပဒေကို မျက်ကွယ်ပြုလို့ တိုင်းပြည်တွေ ဆင်းရဲတွင်း နက်သထက် နက်ကြရတာသာ ရှိတယ်။ ပြည်သူတွေက ပေးဆောင်ရမယ့် အခွန်တွေ မပေးကြ လို့ ဒေ၀ါလီခံရတဲ့ တိုင်းပြည်ဆိုတာ မရှိဘူး။ အုပ်ချုပ်ရေး အာဏာကိုင်စွဲထားတဲ့ အစိုးရက  အာဏာသုံးပြီး အခွန်အခတွေ မရ ရအောင် ကောက်ယူကြမြဲ ဖြစ်တယ်။ ပြည်သူတွေက အခွန်အခမပေးရင် တရားစွဲ ထောင်ချ လို့ရပေမဲ့ အစိုးရတာဝန်ကို ကျေပွန်အောင် မထမ်းဆောင်တဲ့ အစိုးရကို တာဝန်မကျေပွန်မှုနဲ့ တရားစွဲ ထောင်ချနိုင်တဲ့ ဥပဒေတော့ ကမ္ဘာပေါ်မှာ ဘယ်နိုင်ငံမှမရှိဘူး။ တိုင်းပြည်ကို ဒေ၀ါလီခံရအောင် လုပ်လို့ ထောင်ချခံရတဲ့ အစိုးရဆိုတာလည်း ကမ္ဘာပေါ်မှာ မရှိခဲ့ဘူး။

    ခြိမ်းခြောက်ဖို့ မဟုတ်
    စစ်မှန်တဲ့ ဒီမိုကရေစီနိုင်ငံမှာ တရားဥပဒေဆိုတာ အစိုးရက အသုံးချတဲ့ လက်နက်အဖြစ်သာ ရှိမနေစေရဘူး။ ပြည်သူလူထုက အစိုးရကို ပြန်လည်ထိန်းသိမ်းဖို့လည်း ဖြစ်စေရမယ်။ ပြည်သူက အခွန်အခမပေးရင် အရေးယူ သလို ပြည်သူပေးတဲ့ လစာရိက္ခာကို စားပြီး တာဝန်ကျေပွန်အောင် ထမ်းဆောင်ဖို့ ပျက်ကွက်တာကိုလည်း အရေးယူ အပစ်ပေးနိုင်ဖို့ လိုတယ်။ ဥပဒေမှန်သမျှရဲ့ အနှစ်သာရက တိုင်းသူပြည်သားများ အပူအပင်၊ အကြောင့်အကြ ကင်းကင်းနဲ့စိတ်အေးချမ်းသာစွာ လုပ်ကိုင်စားသောက် နေထိုင်နိုင်အောင် ကာကွယ်စောင့် ရှောက်မှုပေးဖို့ ဖြစ်တယ်။ ပြည်သူတွေကို ခြိမ်းခြောက်ဖို့ မဟုတ်ဘူး။ ဖိနှိပ်ဖို့ မဟုတ်ဘူး။
    အခြေခံဥပဒေကို ဆန့်ကျင်
    စောစောက အမေးရှိခဲ့တဲ့ မီဒီယာဥပဒေဆိုတာက ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေက အသိအမှတ်ပြု ပေးအပ်ထားပြီး ဖြစ်တဲ့ နိုင်ငံသူနိုင်ငံသားများရဲ့ လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်၊ လွတ်လပ်စွာ ထုတ်ဖော်ပြောကြားခွင့်၊ လွတ်လပ်စွာရေးသားခွင့်ဆိုတဲ့ အခြေခံလူ့အခွင့် အရေးကို ဆန့်ကျင်လုပ်ဆောင်ရာ ဖြစ်တဲ့ အတွက် သတင်းမီဒီယာ သမားတစ်ယောက်အနေနဲ့ ကန့်ကွက်သလို နိုင်ငံသား တစ်ယောက်အနေနဲ့ လည်းကန့်ကွက်ပါတယ်။ လက်ရှိအခြေအနေမှာတောင် သတင်းမီဒီယာတွေကို ထိန်းချုပ်ထားတဲ့ ဥပဒေတွေက လိုတာထက်တောင် အများကြီး ပိုနေပါသေးတယ်။ အသရေဖျက်မှု ဥပဒေ၊ အစိုးရကို အကြည်ညိုပျက်စေမှု ဥပဒေ၊ ဆူပူအောင် လှုံဆော်ရေးသားမှု ဥပဒေ၊ အစိုးရလျှို့ဝှက်ချက် ပေါက်ကြးမှု ဥပဒေ၊ အီလက်ထရောနစ် အက်ဥပဒေ၊ ရုံးတော်ကို မထီမဲ့မြင်ပြုမှု ဥပဒေ စတဲ့ စတဲ့ ဥပဒေတွေအများကြီး ရှိပါတယ်။
    ရုပ်သိမ်းပေးရမှာ
    ပြန်ကြားရေး ၀န်ကြီးဌာနက ပြောသလို သတင်းမီဒီယာ ဖွံ့ဖြိုးတိုးတက်ရေး အတွက်၊ စတုတ္ထမဏ္ဍိုင် ကြံ့ခိုင်ရေး အတွက် လုပ်တာပါဆိုရင် နောက်ထပ်ဥပဒေပုဒ်မ အသစ်အသစ်တွေနဲ့ ထပ်ပြီး ထိန်းချုပ်ဖို့ လုပ်မယ့်အစား ရှိနေတဲ့ ကန့်သတ်ချုပ်ချယ်မှု သဘောဆောင်တဲ့ ဥပဒေပုဒ်မတွေကို ရုပ်သိမ်းပေးဖို့ လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ နှစ်ပေါင်း ငါးဆယ်ကျော် သတင်းသမားလုပ်လာခဲ့သူ တစ်ယောက်အနေနဲ့ သတင်းမီဒီယာကို ကန့်သတ်ထိန်းချုပ်ဖို့ လုပ်တဲ့ ဥပဒေမှန်သမျှကို လက်မခံနိုင်ပါဘူး။ သတင်းသမားအစစ် “ပရော်ဖက်ရှင်နယ်” မှန်သမျှလည်း လက်ခံကြမှာ မဟုတ်ပါဘူး။ ပရော်ဖက်ရှင်နယ် သတင်းသမား မဟုတ်တဲ့ ခေတ်ပျက် ဂျာနယ် လစ်တွေကသာ အခွင့်အရေးမျှော်ကိုးပြီး ထောက်ခံချင် ထောက်ခံကြပါလိမ့်မယ်။ ပရော်ဖက်ရှင်နယ် သတင်းသမားမှန်ရင် ကိုယ့်လည်ပင်းစွပ်မယ့် ကြိုးကွင်းကို ကိုယ်တိုင်ဝင်ကျစ်ပေးတာမျိုး ဘယ်နည်းနဲ့မှ မျက်နှာပြောင်တိုက်ပြီး လုပ်မှာ မဟုတ်တာ သေချာပါတယ်။  ။
    ဒီလှိုင်း စာစဉ်ပါ
    ဆရာကြီး
    လူထုစိန်ဝင်း ၏ ဆောင်းပါး
    Read more...

    Sunday, March 18

    0

    တေးဆိုငှက်သို့

  • Sunday, March 18
  • New Generation 2010

  • ခွန်းဆင့်သံချို
    မြကျေးညိုလျှင်
    နွေကြိုတေးလည်း သီခဲ့ပြီ။

    ခွန်းဆင့်သံချို
    မြကျေးညိုလျှင်
    မိုးကြိုတေးလည်း သီခဲ့ပြီ။

    ခွန်းဆင့်သံချို
    မြကျေးညိုလျှင်
    ဆောင်းကြိုတေးလည်း သီခဲ့ပြီ။

    နွေ မိုး ဆောင်း ကြို
    တေးသီဆိုရင်း ၊ နေညိုတော့မည်
    ဘ၀သည်ကား ၊ လှုပ်ရှားရုန်းကန်
    တော်လှန်ပြောင်းလဲ၊ စဉ်အမြဲတည့်
    သင်၏တေးလျှင်၊ နားဆင်သူပေါင်း
    ငြိမ့်ငြောင်းချိုမြ ၊ နားဝင်လှလည်း
    လောကကောင်းကျိုး ၊  ကောင်းဆိုးနှစ်လီ
    မသီမပြု ၊ အများစု၏
    စားမှုနေရေး ၊ သောကဝေးရာ
    လောကသစ်ဆီ ဦးတည်မျှော်ရစ်
    အားမာန်သစ်မည့်
    ခေတ်ကြိုတေးလည်း သီပါဦး ။   ။

    ခင်ပိုက်ဆွေ - ပြည်
    တိုင်းရင်းမေ ဂျာနယ်မှ ဖတ်မိ မှတ်ခဲ့ မျှဝေလိုက်သည်။
    Read more...

    Tuesday, March 13

    0

    မြန်မာ့အသံမှလွှင့်မည့် ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်း

  • Tuesday, March 13
  • New Generation 2010
  • မြန်မာ့အသံက ထုတ်လွှင့်မည့် ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်း
    (အသံဖိုင်မှ စာဖိုင်သို့ကူးပြောင်းထားသည်)

    အခုလိုကျွန်မရဲ့နိုင်ငံရေးပါတီဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ မူဝါဒ သဘောတရားတွေကို ဧပြီလတစ်ရက် နေ့မှာ ကျင်းပမယ့် ကြားဖြတ်ရွေး ကောက်ပွဲမတိုင်မီ တင်ပြခြင်းဟာ ပြည်သူတွေရဲ့ အခွင့်အရေး တစ်ရပ်ကို အသိအမှတ်ပြုလိုက်ခြင်း ဖြစ်ပါတယ်။ မဲဆန်္ဒရှင်များသာမက နိုင်ငံသူ နိုင်ငံသား အားလုံးအနေနဲ့ မိမိတို့ကို ကိုယ်စားပြု နေကြတဲ့ ပါတီအဖွဲ့အစည်း ပုဂ်္ဂိုလ်တွေ ကို လေ့လာသုံးသပ်ပြီး အဖွဲ့အစည်း ဘယ်ပုဂ်္ဂိုလ်ကိုထောက်ခံရွေးချယ်မယ်ဆို တာဆုံးဖြတ်ပိုင်ခွင့်ရှိပါတယ်။ ဒီမိုကရေ စီအခြေခံမူအရ ပြည်သူရဲ့ ဆုံးဖြတ်ချက် ကို လက်ခံမှာဖြစ်တဲ့ ကျွန်မတို့ပါတီရဲ့ နိုင်ငံနဲ့ ပြည်သူအတွက် ထားတဲ့ ရည်မှန်း ချက်တွေကို အနှစ် ၂၀ ကျော်ကိုင်စွဲ ခဲ့ တဲ့မူတွေနဲ့ တွဲပြီး ရှင်းပြချင်ပါတယ်။
    အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ရဲ့ အဓိကရည်ရွယ်ချက်တွေ အနေနဲ့ ထိပ်တန်းတင်ထားတဲ့ ကိစ်္စရပ်တွေ ကတော့ တရားဥပဒေစိုးမိုးရေး ပြည်တွင်းငြိမ်းချမ်ေးရး ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးတို့ ဖြစ်ပါတယ်။တရား စီရင်ရေးစနစ်ကို အစိုးရ ယန်္တယား အောက်မှာ သွပ်သွင်းခဲ့ပြီး မီဒီယာတွေ ကိုအစိုးရပိုင်အဖြစ်ပြောင်းကာ ချုပ်ကိုင် လာခြင်း တင်းကြပ်တဲ့ မီဒီယာနဲ့ ဆင်ဆာ ဥပဒေတွေ ပြဌာန်းပြီး ပြည်သူတွေရဲ့ လွတ်လပ်စွာပြောပိုင်ခွင့် ရေးပိုင်ခွင့် ကြားပိုင်ခွင့် ဆန်္ဒဖော်ထုတ်ပိုင်ခွင့် တွေကို ရုပ်သိမ်းပြစ်ခဲ့ခြင်း စတဲ့ နည်းလမ်းစုံ နဲ့ တရားဥပဒေစိုးမိုးမှုကို ခြေဖျက်ပစ်ခဲ့ တာ ပြည်သူလူထုဘ၀မှာ အကြောက်တရား ကသာ လွှမ်းမိုးခဲ့ပါတော့တယ်။ ပြည်သူ လူထုဘ၀ အကြောက်တရားက လွတ်မြောက်ပြီး လူ့အခွင့်အရေးမရသေးတဲ့ အထိတော့ ဒီမိုကရေစီစနစ် ထွန်းကား ခိုင်မြဲနိုင်မှာ မဟုတ်ပါဘူး။ ဥပဒေစိုးမိုးမှု ရှိမှသာ ပြည်သူတွေဟာ ဥပဒေရဲ့ အကာအကွယ်ကို အမှန်တကယ်ရနိုင် မယ်။ လွတ်လပ်မှုရဲ့အရသာကို အမှန်တ ကယ် ခံစားနိုင်ကြမှာဖြစ်ပါတယ်။ ဥပဒေစိုးမိုးမှုရှိခြင်းသည် သာမန်ပြည်သူ များ နိုင်ငံတော်ဝန်ထမ်းများနဲ့ နိုင်ငံရေးသမား အားလုံးတို့ မိမိတို့ ရသင့်ရထိုက် တဲ့ အကာအကွယ် အစောင့်အရှောက် ပေးမှာ ဖြစ်ပါတယ်။ အာဏာရှိတဲ့ပုဂ်္ဂိုလ် အဖွဲ့အစည်း အကြီးအကဲတွေက တစ်ချက် လွှတ်အမိန့်နဲ့ ဘယ်သူကိုမှ အရေးယူအနိုင်ကျင့်နိုင်မှာ မဟုတ်ပါဘူး။ဒါမှ ဒီမိုကရေစီလည်း ခိုင်မာထွန်းကား တယ်လို့ ဆိုနိုင်ပါတယ်။
    ဥပဒေစိုးမိုးရေးအတွက် ကျွန်မတို့ ဘယ်လိုလုပ်ကြမလဲ။ ပြည်သူ တွေကို ဖိနှိပ်ထား တဲ့ ခေတ်နဲ့မလျှော်ညီ တော့တဲ့ ဥပဒေအချို့ကို မဆိုင်းမတွ ဖျက်သိမ်းပစ်ကြရပါမယ်။ ပြည်သူတွေ ကိုအကာအကွယ်ပေးတဲ့ ဥပဒေတွေကို ပြဌာန်းရေးဆွဲရကြမယ်။ တရားစီရင်ရေး စနစ်ကို လွတ်လပ်အောင်ထားပြီး သမာ သမတ်ဖြစ်အောင် ပြုပြင်ရပါမယ်။ စာနယ်ဇင်းလွတ်လပ်ခွင့် အပြည့်အ၀ ပေးရပါမယ်။ ပြည်သူလူထုကို အကူအ ညီပေးမယ့် ဥပဒေအထောက်အကူပြု ကွန်ယက်တွေ တိုးချဲ့ရပါမယ်။ တရားစီ ရင်ရေး မဏ္ဍိုင်ဟာ ဒီမိုကရေစီ သဘောထားနဲ့ကိုက်ညီတဲ့ ဥပဒေပြု မဏ္ဍိုင်၊ အုပ်ချုပ်ရေးမဏ္ဍိုင်တွေနဲ့ လွတ်လပ်စွာ ရပ်တည်နေစေရပါမယ်။ တရားစီရင်ရေးမဏ္ဍိုင်ဟာ အုပ်ချုပ်ရေး မဏ္ဍိုင်အပေါ်မှာ အမြဲတမ်း ရှိနေမှာ ဖြစ်ပြီး ဥပဒေနဲ့ အညီ အုပ်ချုပ်သူ လူပုဂ်္ဂိုလ် အဖွဲ့အစည်းမှန်သမျှကို တရား စီရင်ပိုင်ခွင့် ရှိစေရပါမယ်။ ဥပဒေအရ ပစ်မှုထင်ရှားပြီး စီရင်ခြင်း မရှိသေးရင် ဘယ်သူ့ကိုမဆို အပစ်ကင်းတယ်လို့ မှတ်ယူရမှာပဲ ဖြစ်ပါတယ်။ လွတ်လပ်ရေး နဲ့ ဖွားဘက်တော်အဖြစ်ပါလာတဲ့ ပြည်တွင်းစစ်ဟာကျွန်မတို့နိုင်ငံမှာ ဒီကနေ့အထိ လောင်မြိုက်နေဆဲ ဖြစ်ပါတယ်။ ၁၉၄၇ ခုနှစ်မှာ အမျိုးသားခေါင် ဆောင်ကြီးများ ရုတ်တရက် လုပ်ကြံခံ ရပြီးကတည်းက စတင်ခဲ့တဲ့ တိုင်းရင်းသား မျိုးနွယ်များအကြား သံသယ ပွားခြင်း နိုင်ငံရေးအယူအဆ မတူသူများအကြား သဘောထားကွဲပြားခြင်း စတာတွေကို စားပွဲဝိုင်းမှာ တွေ့ဆုံ ဖြေရှင်း မပေးနိုင်ကြသေးပဲ လက်နက် အားသုံးဖြေရှင်းဖို့ ကြိုးစားနေကြခြင်းဟာ ကနေ့အထိပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ဥပဒေစိုးမိုးမှုမရှိတာကလည်း ပြည်တွင်း စစ်မီးကို အရှိန်မြင့်စေခဲ့ပါတယ်။ တိုင်းရင်းသားတွေရဲ့ လုံခြုံမှုနဲ့ အခွင့်အရေး တွေကို အကာအကွယ်မပေးနိုင်ခဲ့ပဲ ပြည်တွင်း စစ်ရဲ့ ဆိုးကျိုးအဖြစ် စစ်အာဏာရှင်စနစ် ကို ပေါ်ပေါက်စေခဲ့ပါတယ်။ ပြည်တွင်း စစ်မီးတောက်ကို အမြန်ဆုံးညှိမ်းသတ်ပြီး ငြိမ်းချမ်းအောင် လုပ်နိုင်မှသာ နိုင်ငံကို ဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက် နိုင်မှာ ဖြစ်ပါတယ်။ ပြည်တွင်းစစ်ရပ်ဆိုင်း ပြီး ငြိမ်းချမ်းစေရေးအတွက် အဆင့်သုံး ဆင့်ဆောင်ရွက်ပါမယ်။
    ပထမအဆင့်အနေနဲ့က တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အပစ်အခတ် ရပ်ဆဲရပါမယ်။ ဒုတိယအဆင့်အနေနဲ့ နိုင်ငံရေးအရဆွေး နွေးပွဲတွေ ကျင်းပပြီး ညှိနှိုင်းအဖြေရှာကြ ရပါမယ်။ တတိယအဆင့်အနေနဲ့ တိုင်းရင်းသားတွေ လိုလားနေတဲ့အတိုင်း ပင်လုံရဲ့ အခြေခံမူဖြစ်တဲ့ တန်းတူညီမျှမှု ကိုယ်ပိုင်အုပ်ချုပ်ရေး ပြဌာန်းခွင့် ဖွဲ့စည်းပုံအခြေခံဥပဒေအရ လွတ်လပ်စွာ ဆုံးဖြတ်နိုင်ခွင့် စတာတွေကို အခြေခံတဲ့ ပြည်ထောင်စုနိုင်ငံ စစ်စစ်တည်ထောင် နိုင်ဖို့ ဘုံဦးတည်ချက်ထားပြီး ကြိုးပမ်း ရပါမယ်။ ကျွန်မတို့ညီအစ်ကို မောင်နှမ တိုင်းရင်းသားတွေဟာ ခွဲထွက်ရေးကို လုံးဝ မလိုလားပဲ စစ်မှန်တဲ့ ဒီမိုကရေစီ ပြည်ထောင်စုကြီးကိုသာ လိုလားတယ် လို့ ကျွန်မ တစ်ထစ်ချ ယုံကြည်ပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံမူကြမ်း ထွက်ခဲ့ ပြီးကတည်းက ဒီဥပဒေကို အမျိုးသားဒီ မိုကရေစီ အဖွဲ့ချုပ်က သဘောမတူတာ ကြေညာခဲ့ပြီး ပြုပြင်ရမယ့် အချက်တွေ ကို ထောက်ပြခဲ့ပါတယ်။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ရေးအတွက် ပါတီစွဲ၊ အဖွဲ့စွဲ၊ ပုဂ်္ဂိုလ်စွဲတွေမထားပဲ နိုင်ငံအကျိုးကိုသာ ရှေးရှုတဲ့စိတ်ဓာတ်နဲ့ ညီညွတ်တဲ့ တပ်မတော် အင်အားစုအပါအ၀င် လွှတ် တော်ကိုယ်စားလှယ်အားလုံးက ညှိညှိ နှိုင်းနှိုင်းလုပ်သွားကြရမှာ ဖြစ်ပါတယ်။
    မြန်မာနိုင်ငံမှာရှိတဲ့ စစ်တပ်နဲ့ နိုင်ငံတကာမှာ ရှိတဲ့စစ်တပ်များဟာ နိုင်ငံ ကာကွယ်ရေးအတွက် အဓိကအင်အား စုဖြစ်တယ်ဆိုတာကို အငြင်းပွားဖို့မရှိ ပါဘူး။ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအတွေ့ အကြုံနဲ့ တွေ့ကြုံခဲ့တဲ့ ဖြစ်စဉ်များအရ လက်ရှိမြန်မာနိုင်ငံကို ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဆောင်ရွက်ကြရမှာ တပ်မတော် ဟာမပါမဖြစ် ပါရန်လိုအပ် တယ်လို့ ကျွန်မယုံကြည်ပါတယ်။ ကျွန်မ ရဲ့ ဖခင်ဗိုလ်ချုပ်အောင်ဆန်း တည်ထောင်ခဲ့တဲ့ တပ်မတော်ဟာ နိုင်ငံ တော် အကျိုးအတွက် ဆောင်ရွက်ဖို့ အဆင်သင့် အစဉ်အမြဲရှိမယ်လို့ ကျွန်မ ယုံကြည်ပါတယ်။ ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုတာ ပြည်သူနဲ့ အုပ်ချုပ်သူတို့ ကြားမှာ ထားရှိတဲ့ ပဋိန်ဥာည်ဖြစ်တယ် ဆိုတဲ့ အတိုင်းလိုအပ်တဲ့အခါတွေမှာ ပြင် ဆင်ခြင်း ပြောင်းလဲခြင်း ပယ်ဖျက်ခြင်း တို့ကို ပြုလုပ်ကြရမှာ ဖြစ်ပါတယ်။ လက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေဟာ ဒီမိုက ရေစီစံနှုန်းနဲ့ မကိုက်ညီတာကို တွေ့မြင် ရပါတယ်။ ထင်ရှားတဲ့ ဥပမာ တစ်ခု ပေးရမယ်ဆိုရင် ပြည်သူတွေကို ပြည်သူ ကတင်မြှောက်တဲ့ ရွေးကောက်ခံ ကိုယ်စား လှယ်တွေက အုပ်စိုးခြင်းက သာ ဒီမိုကရေစီရဲ့ အနှစ်သာရဖြစ်ပါ တယ်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ မှာ ရွေးကောက်ခံမဟုတ်တဲ့ လွှတ်တော် ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း ပါဝင်နေ တာကို ပြည်သူတွေ အသိဖြစ်ပါတယ်။ ဆိုလိုတာက လက်ရှိလွှတ်တော်အသီး သီးမှာ ပြည်သူက ပြည်သူတွေရွေး ကောက်ထားခြင်းမဟုတ်တဲ့ လွှတ်တော် ကိုယ်စား လှယ်တွေပါဝင်နေတဲ့အတွက် ဒီမိုကရေစီ မူများနဲ့မကိုက်ညီပါဘူး။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြင်ဆင်သင့်တဲ့ ပုဒ်မများကို ပြည်သူတွေ ကိုအသိပေး ထုတ်ပြန်ခဲ့ပြီး ဖြစ်ပါတယ်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဟာ ၁၉၈၈ ခုနှစ် ဒီမိုကရေစီ အရေးတော် ပုံကြီး ပြီးတဲ့နောက် မြန်မာနိုင်မှာ စစ်မှန် တဲ့ ဒီမိုကရေစီစနစ်ပေါ်ပေါက်လာရေး အတွက် ကြိုးပမ်းဆောင်ရွက်ခဲ့ရတာ နှစ်ပေါင်း ၂၀ ကျော်ဖိနှိပ်ခံဘ၀နဲ့ ကြိုး ပမ်းရုန်းကန်ခဲ့ရတာကို ပြည်သူတွေ အသိဖြစ်ပါတယ်။အဖွဲ့ချုပ်ရဲ့ သစ်္စာရှိ အဖွဲ့ဝင်တွေ အလုပ်ထုတ်ခံရတာ ရှေ့နေ တွေလိုင်စင် ရုပ်သိမ်းခံရတာ ဆရာဝန် တွေ လိုင်စင် ရုပ်သိမ်းခံရတာ မတရား ဖမ်းဆီးခံရပြီး အမြင့်ဆုံးပစ်ဒဏ်တွေချ မှတ်ခံရတာတွေကြောင့် မိမိတို့လူမှုရေး တွေ ပျက်စီး မိသားစုစီးပွားရေးတွေ ပျက် စီးခဲ့ရပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် အဖွဲ့ ချုပ်အဖွဲ့ဝင်တွေဟာ မိမိတို့ရဲ့ ယုံကြည် ချက်ကို ဆက်လက်ထိန်းသိမ်းပြီး ပြည်သူ တွေအတွက် အဖွဲ့ချုပ်အတွက် ရပ်တည် ခဲ့ကြပါတယ်။ အဖွဲ့ချုပ်အနေနဲ့ နိုင်ငံတ ကာ နဲ့ ဆက်ဆံမှုချောမွေ့ပြေပြစ်ပြီး ပြည် သူများအတွက် အကျိုးရှိစေမယ့် ဆက်ဆံပေါင်းသင်းမှုကို တိုးမြှင့် ဆောင်ရွက်ခဲ့ပါတယ်။ စီးပွားဖွံ့ဖြိုး တိုး တက်ပြီး ဒီမိုကရေစီစနစ် ထွန်းကားနေ တဲ့ နိုင်ငံများနှင့်သာမက အိမ်နီးချင်း နိုင်ငံများနှင့်လည်း မိတ်ဝတ်မပျက် ဆက်ဆံရေးကို ထူထောင်နိုင်ခဲ့ပါတယ်။ မိမိနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံ တကာရဲ့ လိုအပ်တဲ့ ပံ့ပိုးကူညီမှုများ ရရှိ နိုင်ရေးကိုလည်း ဦးစားပေး ဆောင်ရွက် သွားမှာ ဖြစ်ပါတယ်။ စီးပွားရေးနဲ့ ပတ် သက်လို့ လွတ်လပ်မှု တည်ငြိမ်မှုနဲ့ လူမှု ရေးတရားမျှတမှုတို့ ဟန်ချက်ညီပြီး ဥပ ဒေစိုးမိုးမှုကို အခြေခံတဲ့ ဈေးကွက်စီးပွား ရေးစနစ်ကို ပြောင်းလဲဖို့ လုပ်ရပါမယ်။
    ဆင်းရဲနွမ်းပါးမှုပပျောက်ပြီး ဒေသအလိုက်လူမျိုးများအကြား လူတစ်ဦးချင်းရဲ့ လူနေမှုအဆင့်အတန်း လူမှုဘ၀သိက်္ခာမြင့်မားစေဖို့ မြန်မာနိုင်ငံ အတွင်းမှာ နေထိုင်ကြတဲ့ လူမျိုးစုအား လုံး တန်းတူညီမျှ အလုပ်လုပ်ကိုင်နိုင်ခွင့် ရဖို့အတွက် အလုပ်အကိုင်ဖော်ထုတ်ရေး အလုပ်လက်မဲ့ ပြဿာဖြေရှင်းရေးကို ဦး တည်ဆောင်ရွက်ရပါမယ်။
    စီးပွားရေးမှာ နိုင်ငံတော် ရဲ့ ရငွေသုံးငွေ ဘတ်ချက်လိုငွေပြနေတာကို ငွေစက်္ကူအသစ်တွေ ရိုက်ထုတ်ပြီး ဖြေရှင်း တာမျိုး မဟုတ်ဘဲ တခြားနည်းလမ်းတွေ နဲ့ ဖြေရှင်းရပါမယ်။ လက်ရှိငွေရေး ကြေး ရေးစနစ်မှာ အနှောင်အဖွဲ့အဟန့်အတား ဖြစ်နေတဲ့ အချက်တွေကို ဖယ်ရှားရမှာ ဖြစ်ပါတယ်။ နိုင်ငံပိုင်နဲ့ ပုဂ်္ဂလိကလုပ်ငန်း တွေအားလုံးဖွံ့ဖြိုးဖို့ နိုင်ငံတကာ ငွေကြေး ရန်ပုံငွေအဖွဲ့ နိုင်ငံတကာ ဘဏ္ဍာရေး ကော်မရှင် ကမ်္ဘာ့ဘဏ်တွေနဲ့ ရင်းရင်း နှီးနှီးပူးပေါင်း ဆောင်ရွက်သွားဖို့ လိုပါ တယ်။ NLDကအခုကစပြီး စတင်လမ်း စဖော်နေပါပြီ။
    ပညာရေးပိုင်းမှာလည်း နိုင်ငံ သားတိုင်း အရည်အသွေးပြည့်ဝတဲ့ ပညာသင်ယူခွင့်ရရှိဖို့ မသင်မနေရ မူလတန်း ပညာရေးကို ကလေးတိုင်း အခမဲ့ သင်ယူခွင့်ရရှိဖို့ အလယ်တန်း အထက်တန်း အဆင့် အသက်မွေးဝမ်း ကျောင်း ပညာရပ်ဆိုင်ရာကျောင်းတွေ ကိုတိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ ဖွင့်လှစ်နိုင်ဖို့တို့ကို ဆောင်ရွက်ရပါမယ်။မြန်မာဘာသာစကား အခက်အခဲရှိတဲ့ တိုင်းရင်းသားမျိုးနွယ်တွေရဲ့ ကလေးတွေ အတွက် အထောက်အကူဖြစ်စေမယ့် ပညာရေးလုပ်ငန်း အစီအစဉ်တွေကို ထည့်သွင်းရေးဆွဲရပါမယ်။ ပုံမှန်ကျောင်း ပညာသင်ယူရန် အခက်အခဲရှိခဲ့တဲ့ အရွယ်ရောက်ပြီးကလေးများ လူငယ် လူရွယ်များ ကျောင်းပြင်ပပညာရေး အတွက် အထူးအစီအစဉ်များ ဆောင်ရွက် ပေးရပါမယ်။ကျွန်မတို့ပညာ ရေးအဆင့်အတန်းဟာ နိုင်ငံတကာ ပညာရေးအဆင့်အတန်းကို လိုက်မီဖို့ အင်မတန်မှ အရေးကြီးပါတယ်။ ဒါမှ အခုပြောနေကြတဲ့ လူ့စွမ်းအားအရင်းအ မြစ် အစစ်အမှန်တွေ ပေါ်ထွက်လာမှာ ပဲဖြစ်ပါတယ်။ဆရာဆရာမတွေ အရည် အချင်းပြည့်ဝဖို့ဟာလည်း အင်မတန်မှ အရေးကြီးပါတယ်။ ဒီ့အတွက်ပြုပြင် ဆောင်ရွက်သွားရမှာ ဖြစ်သလို သူတို့ အရည်အချင်းနဲ့ ထိုက်တန်တဲ့ လစာငွေ ကြေးရရှိဖို့ကိုလည်း စဉ်းစားပေးရပါမယ်။ ပညာရေးပြုပြင်ပြောင်းလဲရာမှာလဲ လက်ရှိပညာရေးစနစ်မှာ တွေ့ကြုံနေရတဲ့ အတားအဆီးအ ဟန့်အတားတွေကို ဖယ်ရှားပစ်ရမှာ ဖြစ်ပါတယ်။
    ကျမ်းမာရေးအနေနဲ့ နိုင်ငံ တော်မှာ အရည်အသွေးပြည့် ကျမ်းမာ ရေးစောင့်ရှောက် မှုစနစ်ရှိရပါမယ်။ အများပြည်သူ အထူးသဖြင့် ချို့တည့် တဲ့ နိုင်ငံသူ နိုင်ငံသားတွေအတွက် ကျမ်းမာ ရေးစောင့်ရှောက်မှုရဖို့ ကျမ်းမာရေး စီမံကိန်းတွေကို သီးသန့်အားဖြင့် ထူထောင်နိုင်ရန် နည်းလမ်းများ ရှာဖွေ ဆောင်ရွက် သွားရပါမယ်။ ဆေးပညာသင်ကြားရေးစနစ် ဆေးပညာ ဆေးကုထုံးနည်း ဆေးဝါးထုတ်လုပ် နည်း တွေကို ခေတ်မှီတိုးတက်လာအောင်လို့ နိုင်ငံတကာကပညာရှင်တွေ ဆေးပညာ ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်း ဆောင်ရွက်ရပါမယ်။
    တောင်သူလယ်သမားများ ကို ဥပဒေနဲ့အညီ လယ်ယာလုပ်ပိုင်ခွင့် လယ် ယာပိုင်ဆိုင်ခွင့်ရဖို့ ဦးစားပေးဆောင်ရွက် သွားမှာ ဖြစ်ပြီး ဆန်၊ စပါးအပါအ၀င် လယ်ယာထွက်ကုန်ပစ်္စည်းများကို ဈေး ကွက်စီးပွားရေး စနစ်နဲ့ အညီ လွတ်လပ် စွာ စိုက်ပျိုးကြိတ်ခွဲရောင်းဝယ်ခွင့် ရဖို့နဲ့ သင့်တော်တဲ့ ဈေးနှုန်းများ ရဖို့ကို ဦးစား ပေးဆောင်ရွက်သွားရပါမယ်။ ကမ်္ဘာတစ် ၀ှမ်း လယ်ယာထွက်ကုန်ဈေးများ တက်နေခြင်းကို သတိပြုပြီး အနာဂတ် ကိုရှေးရှုတဲ့ လယ်ယာထွက်ကုန် စီးပွား ရေးစနစ်ကိုထူထောင်ဖို့ လိုပါတယ်။ တောင်သူလယ်သမားများရဲ့ နစ်နာ ဆုံးရှုံးမှုများကို ရပိုင်ခွင့်များ ပြဿနာ အရေးကိစ်္စရပ်များကို တောင်သူလယ် သမားအကျိုးအတွက် လွတ်လပ်စွာ ဆောင်ရွက်နိုင်ဖို့ ညီညွတ်သော တောင် သူလယ်သမား အဖွဲ့အစည်းများ ဖွဲ့စည်း ခွင့်ပေးသွားရပါမယ်။
    အလုပ်သမားများရဲ့ ရပိုင်ခွင့် များ အပြည့်အ၀ရရှိရေးအတွက် အလုပ် သမားအဖွဲ့အစည်းများ ဖွဲ့စည်းနိုင်ရေး အလုပ်သမားအခွင့်အရေးကို ဥပဒေနဲ့ အညီ အကာအကွယ်ရရှိနိုင်ရေးတို့ကို ဆောင်ရွက် သွားရပါမယ်။ အလုပ်သ မားတိုင်းတရာမျှတမှု တန်းတူညီမျှမှု တန်းတူညီမျှမှု အခွင့်အရေးရရှိမှု လုပ်ပျော်သော အလုပ်ခွင်အခြေအနေ တူညီသော အလုပ်အတွက် တူညီသော အခကြေးငွေရရှိခွင့် လုပ်ခလစာရရှိခွင့် အလုပ်လက်မဲ့ ဖြစ်ခြင်းမှ အကာအကွယ် ရရှိခွင့် ရစေရပါမယ်။အဓမ်္မအလုပ်စေ ခိုင်းခြင်းကိုတားဆီးပိတ်ပင်ပြီး အပြည် ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့ချုပ်ILOရဲ့ ပြဌာန်းချက်များနဲ့ညီညွတ်စေရန် အတတ်နိုင်ဆုံး ဆောင်ရွက်သွားရပါမယ်။
    လူငယ်တွေဟာ ဘယ်နိုင်ငံမှာ ပဲဖြစ်ဖြစ် တိုင်းပြည်ရဲ့ အဖိုးတန်ဆုံး အင်အားတွေဖြစ်လို့ လူငယ်တွေအတွက် ပညာသင်ကြားရေး အဆင့်အတန်း မြင့် စေဖို့ ပွင့်လင်းလွယ်ကူစေဖို့နဲ့ ပညာအ ဆင့်အတန်းနဲ့ ကိုက်ညီတဲ့လုပ်ငန်းတွေ မှာ အလုပ်အကိုင်ရရှိစေဖို့ အားပေး ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ အလုပ် အကိုင်သစ်များ ဖန်တီးပေးရေးနဲ့လူငယ် တွေရဲ့ အလုပ်လက်မဲ့ပြဿနာ ကို ဖြေရှင်း ဆောင်ရွက်ပေးရပါမယ်။ နိုင်ငံရဲ့ အနာ ဂတ်ဖြစ်ပြီး လူ့စွမ်းအားအရင်းအမြစ်ဖြစ် တဲ့ လူငယ်တွေရဲ့ စွမ်းရည်ကို ဖော်ထုတ် ပြီး နိုင်ငံတည်ဆောက်ရေးမှာ ခိုင်မာတဲ့ စွမ်းအားစုအဖြစ် အသုံးပြုသွားရပါမယ်။
    ကျောင်းသားများ ကိုယ်တိုင် ဖွဲ့စည်းတဲ့ လွတ်လပ်တဲ့ ကျောင်းသား သမဂ်္ဂများကိုလည်း ဥပဒေနဲ့အညီ ခွင့်ပြု သွားရပါမယ်။ နိုင်ငံရဲ့ ၅၀ ရာခိုင်နှုန်းမက အင်အားဖြစ်တဲ့ အမျိုးသမီးများရဲ့ အခွင့် အရေးများကာကွယ်ရေး လူမှုရေး၊ စီးပွား ရေး၊ နိုင်ငံရေးနဲ့ အမျိုးသမီးများရဲ့ အခန်း ကဏ္ဍတိုးချဲ့ရေးတို့ကိုလည်း အလေးပေး ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။
    အခုကျွန်မတင်ပြသွားခဲ့တဲ့ မူဝါဒသဘောတရားတွေအများအပြားကို ကျွန်မရဲ့ စည်းရုံးရေး လမ်းစဉ်တွေ တစ်လျှောက်မှာ ပြောပြီးဖြစ်ပါတယ်။ဒါတွေက နားထောင်လို့တော့ ကောင်းပါ ရဲ့ တကယ်ပဲ အကောင်အထည်ဖော်နိုင် ပါ့မလားလို့ ကျွန်မတို့ပြည်သူများက တွေးနေကြမယ်ထင်ပါတယ်။ လွယ်လွယ် နဲ့တော့ ကျွန်မတို့ လိုလားတောင့်တနေ တဲ့ ပြည်ထောင်စုကြီးထူထောင်ဖို့ မဖြစ် နိုင်ပါဘူး။ ကျွန်မတို့အားလုံးညီညီညွတ် ညွတ်နဲ့ ဆန်္ဒ၊ ၀ရိယ၊ စိတ်ဓာတ်၊ ပညာ ဆိုတဲ့ အောင်မြင်ခြင်း တရားလေးပါးကို ဆုပ်ကိုင်ပြီး ကြိုးစားသွားကြရင်တော့ ဖြစ်နိုင်မယ်လို့ ကျွန်မယုံကြည်ပါတယ်။အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဟာ ခက်ခဲတဲ့ အလုပ်တာဝန်တွေကို ဇွဲ၊လုံလ နဲ့ လုပ်ခဲ့ရတဲ့ အတွေ့အကြုံတွေ ဆယ်စု နှစ်နဲ့ချီပြီး ရှိခဲ့ပါတယ်။ နိုင်ငံအတွက် နောက်တစ်ဆင့်တိုးပြီး ခက်ခဲတဲ့ အလုပ် တွေအောင်မြင်စွာ ထမ်းဆောင်ပေးနိုင် ဖို့ တာဝန်ပေးတဲ့ အနေနဲ့ ကျွန်မတို့ အမျိုးသားဒီမိုကရေစီအဖွဲ့အချုပ် ကိုယ်စားလှယ်များကို ထောက်ခံရွေးချယ် ကြဖို့ မေတ်္တာရပ်ခံပါတယ်။ ကျွန်မတို့ ရဲ့ တံဆိပ်ကတော့ အနီရောင်အောက်ခံ ပေါ်မှာ ရွှေရောင်ခွပ်ဒေါင်းနဲ့ ၀ဲဘက် ထိပ်စွန်းနားမှာ ထောင့်ငါးထောင့်ရှိတဲ့ ကြယ်ဖြူကြီးပါပဲ။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဆိုတဲ့ စာသားပါပါတယ်။အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်ကို ပြည်သူတွေ မဲပေးကြပါ။ ကျေးဇူးတင်ပါတယ်။

    Read more...

    Monday, March 12

    0

    အပစ်တွေကို ဖြေဖျောက်ဖို့ တိုင်းရင်းသားအရေးတွေ ဆောင်ရွက်နေသူ သူခိုးကြီး

  • Monday, March 12
  • မျိုးဆက်သစ်လူငယ်
  • ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေနဲ့ အပစ်တွေကို ဖြေဖျောက်ဖို့ ကြိုးစားနေသူ (ခ) အောင်သောင်း

    အပစ်တွေကို ဖြေဖျောက်ဖို့ တိုင်းရင်းသားအရေးတွေ ဆောင်ရွက်နေသူ သူခိုးကြီး (ဦးအောင်သောင်း) အကြောင်းကို စုံစမ်းသိရသမျှ .....................
    ဒီပဲယင်းနိုင်ငံတော် လုပ်ကြံမှုကြီးအတွင်း လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား လုပ်ကြံရန် ကြံစည်ခဲ့သူ တွေထဲက အဓိကတရားခံဖြစ်တဲ့ စက်မှု (၁) ၀န်ကြီး ဦးအောင်သောင်းဟာ ပြည်သူ့ဘဏ္ဍာငွေတွေ နဲ့ မသထာရေစာစားပြီး ဆောက်လုပ်နေထိုင်တဲ့ အိမ်ကတော့ နန်းတော်သမျှ ခန်းနားပါတယ်။ အင်းစိန်လမ်းမပေါ်ကနေ ကြည့်လိုက်ရင် အောင်သောင်းအိမ်ကို လှမ်းမြင်ရပါတယ်။ လှိုင်ရတာမွန် အိမ်ယာရဲ့ ထိပ်ဆုံးထောင့်က ခြံပါ။ လှိုင်ရတာမွန်အိမ်ယာ ဧရိယာရဲ့ တစ်ဝက်ကျော်လောက်ရဲ့ အကျယ်အ၀န်းက အောင်သောင်းရဲ့ ခြံအကျယ်အ၀န်းပါပဲ။ သူဒီအိမ်ခြံကြီးထဲမှာနေတာကို လူမသိစေချင်သလို လူအ၀င်အထွက်ကိုလည်း အထူးအလေးထားပါတယ်။

    အောင်သောင်းဟာ ပါဏာတိပါတာကံကို ကျူးလွန်ဖို့ ၀န်မလေးသလို အသူရာအရက်ကိုလည်း အရမ်းကြိုက်ပါတယ်။ အောင်သောင်းရဲ့ သားသုံးယောက်ထဲက တစ်ယောက်နဲ့ ဒုတိယဗိုလ်ချုပ်ကြီးမောင်အေးရဲ့
    သမီးနန္ဒာအေး နဲ့ လက်ထပ်ပေးထားပါတယ်။

    PDF ဖိုင်တွင် ဆက်လက်ဖတ်ရှုပေးပါရန်

    Aung Thoung 28 March

    forward mail မှ ပြန်လည်ဖော်ပြသည် ............
    Read more...

    Sunday, March 11

    0

    အတုယူမှားတဲ့ တို့မြန်မာတွေ

  • Sunday, March 11
  • New Generation 2010

  • “အရှင်ရုပ်ကစိုးနတ်မင်းကြီး ကျွန်တော့်သားလေးရဲ့ အမိုက်အမဲကို ဗွေမယူပါနဲ့ ကျွန်တော့်အိမ်မှာ အိမ်သာမရှိ တဲ့ အတွက် အရှင့်သစ်ပင်ခြေရင်းမှာ မစင်စွန့်မိပါတယ်” ဒီလိုတိုင်တည်ပြီးပြောစရာ အကွက် ကကြုံလာပြီ။ အရှင်လွှတ်တော် အမတ်မင်းများ ကျွန်တော်မျိုးတို့ရဲ့ ထမင်းမေ့ ဟင်းမေ့ ကိုရီးယား မှိုင်းမိနေတာကို ဗွေမယူ ပါနဲ့ အရှင်တို့ရဲ့ “ မြန်မာ့အသံ၊ မြ၀တီ နဲ့ MRTV4 စတာတွေကနေ ကိုရီးယားဇာတ်လမ်းတွဲတွေကို နေ့စဉ်ရက် စက် အပိုင်းအပိုင်း အတစ်တစ်လုပ်ပြီး ပြနေတဲ့အတွက် စမိပြီဆိုတာနဲ့ ဖြတ်မရတော့ပဲ ကြည့်မိပါတယ်။
    ရုပ်ကစိုး နတ်မင်းကြီးလိုတော့ “အောင်မာ အောင်မာ” တော့မလုပ်နဲ့။ မြန်မာ့အသံ တို့ မြ၀တီတို့ ပြည်တွင်းရုပ် သံလိုင်းတွေကနေ မြန်မာတွေ အတုယူမှားအောင် လုပ်နေတာကို လွှတ်တော်အမတ်မင်းများလည်း သိတယ် တော့လုပ်။ ရုပ်ရှင်ဇာတ်လမ်းတွဲတွေထဲက စရိုက်တွေကို ပုံတူကူးတာမှ အပျို လူပျိုတင်မဟုတ်တော့ပဲ အဖိုးကြီး အဖွားကြီးအထိဖြစ်လာတော့မယ်။ ပြောနေကြတော့လည်း လွှတ်တော်အတွင်းမှာရော အမျိုးဂုဏ် ဇာတိဂုဏ်မြင့်မားရေး၊ ယာဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရေး ဆိုတဲ့ ကြွေးကြော်သံတွေ နဲ့ တစ်လျှောက်လုံး ပြောလာခဲ့ကြတာ။ ဒီနေ့ မြန်မာ့လူ့အဖွဲ့အစည်းမှာ အပျက်ပေါင်း သောင်းခြောက်ထောင် ကြားက အတုယူမှားလို့ ပျက်နေတာတွေကို မသိရော့လေသလားပေါ့။ စဉ်းစားကြည့်မိတာပါ။ ကိုရီးယားကား ကြည့်သူတိုင်း မှိုင်းမိတယ်ဆိုတော့ ကိုရီးယားကြိုက်သူတွေထဲမှာ လွှတ်တော်ကိုယ်စားလှယ်ကြီးများလည်း ပါကောင်း ပါနေမလားလို့ စဉ်းစားမိပါသေးတယ်။
    ကိုရီးယားတွေက အရမ်းတော်တယ်။ သူတို့ရဲ့ရုပ်သံလိုင်းတွေဖြစ်တဲ့ TVXB ၊ DBSK နှင့် Tohoshinmi တွေဟာ ကမ္ဘာတစ်ဝှမ်းလူကြိုက်များတဲ့ ဖျော်ဖြေရေးလုပ်ငန်းကြီးတွေ ဖြစ်လာပြီလို့သိရတယ်။ တို့မြန်မာက လည်း အမျှော်အမြင်ကြီးစွာနဲ့ လက်နက်တွေနဲ့ သိမ်းပိုက်တိုက်ခိုက်ပြီး ကိုလိုနီပြုစရာမလိုပဲ ကိုယ်တိုင်က ကို ယဉ်ကျေးမှုကိုလိုနီအပြုခံနေတာလို့ မြင်ရတယ်ဗျာ။ သူတို့မှာ ဘာမှအပြစ်မရှိဘူးနော်။ ကိုယ်တွေက လက်ခံပြီး တော့ကိုလိုနီပြုခွင့်ပေးထားတာ။ သိသင့်ကြပါပြီ။ မြန်မာ့ယဉ်ကျေးမှု မြန်မာ့ဓလေ့စရိုက်တွေ ကွယ်ပျောက် လာပြီဆိုတာကို လူကြီးမင်းများ နေရာက လူကြီးမင်းတွေ သိရှိပြီး ပြင်သင့် မပြင်သင့် တိုင်ပင်ကြပါအုံးလို့ ကျွန်တော်မျိုး လျှောက်ထားချင်တာပါဗျာ။ အောက်လူတွေကို ပဲ ပြင်ကြ ပြင်ကြနဲ့ ပြောနေလို့ ဖြစ်ဘူးလေ။ အထက်ကလည်း ဘာကြောင့် ဘယ်လိုပျက်တယ်ဆိုတာကို သိပြီး စပြင်ပေးမှ ဖြစ်မှာ။
    ကိုရီးယားတွေမှာ အခြား အတုယူစရာတွေလည်း အများကြီး ရှိသေးတယ်။ ကိုရီးယားမှာ သံတမန်တာဝန် ထမ်းဆောင်ဖူးသူကတော့ “ကိုရီးယားတွေ အလုပ်လုပ်ကြတယ်။ ပညာကြိုးစားကြတယ်။ မိမိအလုပ်ရှင် အပေါ် သစ္စာစောင့်သိတာတွေကို အတုယူရမယ်” လို့ပြောတယ်။ နောက်ပညာရေးပေါ့။ ကိုရီးယားနိုင်ငံဟာ ကမ္ဘာ့ အချမ်းသာဆုံး ထဲက တစ်နိုင်ငံပဲ။ ဘာကြောင့်ချမ်းသာလာတာလဲ။ သူတို့တွေလဲ မြန်မာပြည်လိုပဲ စစ်မြေပြင်က နေကြိုးစားရုန်းကန်လာကြတာ။ နှစ်ပေါင်း ၃၅ နှစ်အတွင်းမှာ အချမ်းသာဆုံး နိုင်ငံအဆင့်ကို ရောက်လာတာပဲ။ ဘာကြောင့်ချမ်းသာသလဲဆိုတဲ့ အကြောင်းချက်ရဲ့ အခြေခံက ပညာရေးကောင်းတယ်။ ကွန်ဖြူးရှပ်ဝါဒကို အခြေခံတဲ့အတွက် ကျောင်းသားကျောင်းသူများ၊ အလုပ်သမားများဟာ လုပ်ငန်းအပေါ် စိတ်ဝင်စားမှု အထူးမြင့် မားတယ်။ သင်ကြားရေး အတွေ့အကြုံရှိ ဆရာတစ်ယောက်ရဲ့အဆိုအရ ကိုရီးယားကျောင်းသားတွေဟာ အာရုံစူးစိုက်မှုအရှိဆုံးလို့ သိရတယ်။
    ပြောရင် ရှည်မှာပါ။ တိုတိုချုန်းပြောရရင် မဟုတ်တာတွေကို ပုံတူကူးမပေးပါနဲ့။ နိုင်ငံတော်ကြီးကို ကမ္ဘာနဲ့ ယဉ်ဘောင်တန်းဖို့ ကြိုးစားနေတာဆိုရင် အမျိုးဂုဏ်ဇာတိဂုဏ်မြင့်မားဖို့ တကယ်လုပ်ဆောင်နေပါတယ် ဆိုရင် တစ်နှစ်တစ်ခါ ဆိုကရေးတီး လုပ်ပေးတာနဲ့တင်ပြီးရောလား။ မြန်မာ့ရုပ်ရှင်လောကမှာ မြန်မာ့လူမှုသဘာဝပတ် ၀န်းကျင်ကို အမှန်အကန် သရုပ်သကန်ဖော်ဆောင်နိုင်အောင် ကူညီထောက်ပေးဖို့လည်း စဉ်းစားကြ။ ရှေးဦးပထမ လွှတ်တော်အမတ်ကြီးများက ကိုရီးယားရုပ်ရှင်တွေကို မျှော်လင့်ချက်တွေပေးပြီး နေ့စဉ်ရက်စက် အပိုင်းပိုင်းအတစ်တစ် ပြသင့်မပြသင့် ဆွေးနွေးကြည့်စေချင်တာ။ မြန်မာမလေးတွေတိုပြီး ကပ်လာပြီ။ အမြင်ကောင်းတယ်ဆိုပြီး ကြည့်ကောင်းကောင်းနဲ့ ကြည့်နေတဲ့အထဲမှာ လွှတ်တော်အမတ်ကြီးများ မပါပါစေနဲ့။ ကျောင်းသူကျောင်းသားအရွယ်တွေကို အပြစ်ဖို့နေကြမယ့်အစား ငါတို့ပုံသွင်းခဲ့တာကိုက မှားနေတာဆိုတာကို သိကြပါတော့။ မြန်မာတွေ အတုယူမှားတာ မြန်မာကိုခေါင်းဆောင်သူတွေ ပုံတူကူးမှားလို့ပါလို့ ဆိုပါရစေ။

    နောင်တော်လေး (ဘိုကလေး)
    Read more...

    Wednesday, March 7

    0

    ဘုရားဒကာကြီးရေ ကြည့်လုပ်ပါဦး

  • Wednesday, March 7
  • New Generation 2010

  • နယူတန်တွေ့ရှိခဲ့တဲ့ နိယာမတွေထဲမှာ “သက်ရောက်မှုတိုင်းမှာ တန်ပြန်သက်ရောက်မှုရှိတယ်” ဆိုတာကို စာတွေထဲမှာ ဖတ်ခဲ့ရဖူးပါတယ်။ ဒါနဲ့ ဆက်စပ်ပြီး ဒီအတောအတွင်း Hot News ဂျာနယ်မှာ ဇေကမ္ဘာကုမ္ပဏီကနေ ရွှေနံ့သာ ရွာမှလယ်မြေတွေသိမ်းယူပြီး စက်မှုဇုန်လုပ်ဖို့ အားထုတ်နေတယ်ဆိုတဲ့အကြောင်း ဖတ်ရတယ်။ မြန်မာနိုင်ငံ မှာနာဂစ်မုန်တိုင်းဆိုရင် မသိသူ မရှိသလောက်ပါပဲ။ အထူးသဖြင့် ရန်ကုန်နဲ့ ဧရာဝတီတိုင်းမှာ နေသူတွေ ပိုပြီးသိတယ်။ လက်တွေ့ပိုခံစားလိုက်ကြရတယ်။ မုန်တိုင်းကြောင့် ဧရာဝတီတိုင်းမှာ စေတီ၊ ပုထိုး၊ ကျောင်းကန် ဇရပ်တွေ တော်တော်ပျက်စီးကုန်တယ်။ အဲဒါကို ဇေကမ္ဘာကုမ္ပဏီက ဆရာတော် တစ်ပါးနှင့် ပူးပေါင်းပြီး ပြုပြင်ကြတာကို မြင်ရသိရတယ်။ ဇေကမ္ဘာကုမ္ပဏီ ဥက္ကဌနှင့် မိသားစုတို့ ဘုရားဒကာတွေ ဖြစ်လာကြတယ်။ ပြီးတော့ အရပ်သားအစိုးရပြောင်း ဒီမိုကရေစီဖော်ဆောင်ဖို့ လွှတ်တော်တွေလည်း ပေါ်လာရော ဇေကမ္ဘာကုမ္ပဏီ ဥက္ကဌကြီးက လွှတ်တော်အမတ်ဖြစ်လာပြန်တယ်။ ပြည်သူလူထုထဲက ပြည်သူတစ်ဦးအနေနဲ့ ကိုယ့်တိုင်းပြည်အပေါ်မှာ ဇေကမ္ဘာကုမ္ပဏီဥက္ကဌကြီး အနေနဲ့ အမှန်တကယ်ဆောင်ရွက်နေတယ်လို့ ထင်မြင်သုံး သပ်မိပါတယ်။
    အခုတော့ သုံးသပ်မိတာပဲ စောတယ်လို့ပြောရမလား။ လူတွေအကြောင်း ကောင်းကောင်းမသိသေးဘူးလို့ပြော ရမလားပဲ။ လယ်သမားတွေ မနှစ်မြို့တဲ့ကြားက လယ်ယာမြေတွေအပေါ်မှာ လမ်းတွေခင်းတာ၊ ရေမြောင်းတွေ ဖောက်တာကို သတင်းဂျာနယ်တစ်ခုမှာ ဓာတ်ပုံတွေ့လိုက်ရတယ်။ ရော်ကြေးသိန်း ၅၀ ပေးမယ်လို့ ကုမ္ပဏီက ကမ်းလှမ်းတယ်လို့လည်း ဖတ်ရပြန်တယ်။ မြန်မာလူမျိုးတွေဟာ ဘိုးဘွားအမွေကို တန်ဖိုးထား ထိန်းသိမ်းတတ် ကြပါတယ်။ ကိုယ်ပိုင်မြေပေါ်မှာ ခေါင်းချတတ်ကြတယ်။ အခုတော့ ရွှေနံ့သာက လယ်သမားတွေဟာ သူတို့ဘ၀ တွေမြှုပ်နှံထားတဲ့ လယ်ယာမြေတွေကို လက်လွှတ်ဆုံးရှုံးရတော့မယ်။ စာရေးသူ ငယ်ငယ်ကတည်းက လူကြီးတွေက သင်ထားတယ်။ လယ်မြေတွေ နွားတွေနဲ့ လယ်စိုက်သူတွေ စပါးစိုက်သူတွေရဲ့ ကျေးဇူးကြောင့် ဆန်စပါးအတွက် မပူပင်ရတာ။ သူတို့ကို ကျေးဇူးရှိသူတွေလို့ သတ်မှတ်ရမယ်။ ကျေးဇူးတင် အသိအမှတ်ပြုရမယ်လို့ ဆုံးမထားတော့ လယ်ယာမြေတွေနဲ့ လယ်သမားကြီးတွေကို လေးစားတန်ဖိုးထား တတ်နေတယ်။ အခုအချိန်မှာ ဇေကမ္ဘာကုမ္ပဏီက လယ်ယာမြေတွေကို သိမ်းနေတယ်လို့ကြားရတော့ စိတ်မကောင်းဖြစ်မိတယ်။ မြန်မာလူမျိုးတွေက ဘုရားဒကာဆို လေးစားတန်ဖိုးထားကြတယ်။ ဒီလို အများက တန်ဖိုးထားတဲ့ ကိုယ့်ဂုဏ်ပုဒ်နဲ့ ညီအောင်တော့ လုပ်ရမယ်လို့ထင်တယ်။ ဒါမှမဟုတ် မီးစ တစ်ဖက် ရေမှုတ် တစ်ဖက်များ လုပ်နေရော့သလားလို့ အတွေးရောက်မိတယ်။ ဦးဆောင်သူ ဘုရားဒကာ တစ်ယောက်တည်းနဲ့ ဒီလိုလုပ်ငန်းကြီးမျိုးတွေ အကောင်အထည် ပေါ်လာမယ်လို့ မယုံကြည်ပါဘူး။ လိုက်ပါဆောင်ရွက်နေသူတွေ ရှီလို့ အကောင်အထည်ပေါ်လာတယ်လို့ သုံးသပ်မိတယ်။ လိုက်ပါဆောင်ရွက်နေကြရတဲ့ မိသားစုဝင်တွေ လက်အောက်ငယ်သားတွေကလည်း ဦးဆောင်သူ ဘုရားဒကာနှင့် ခံယူချက်တူလို့ပဲ ဖြစ်ဖြစ် အခကြေးငွေ ကြောင့်လုပ်ရတာပဲ ဖြစ်ဖြစ် ထိခိုက်နစ်နာမှုတွေ မရှိအောင် ပြန်ပြီး စဉ်းစားဆုံးဖြတ်သင့်တယ်။ ဒီလိုမှ မဟုတ် ရင် အများပြောတဲ့ ဘုရားမကြိုက်တဲ့ လူစု ဖြစ်လာမယ်လေ။
    လယ်သမားတွေရဲ့ ဘ၀နဲ့ တိုင်းပြည်အတွက် ဆန်စပါးသီးနှံတွေ စိုက်ပျိုးနိုင်တဲ့ လယ်ယာမြေတွေကို ထိခိုက်နစ် နာစေမယ့် အတွေးအကြံမျိုးတွေ အချိန်မှီ ပြင်ဆင်သင့်ပါတယ်။ စာရေးသူ ရေးခဲ့တဲ့ နယူတန်ရဲ့ နိယာမလိုပဲ တန်ပြန်သက်ရောက်မှုတွေကိုလည်း ဘုရားဒကာတို့ မိသားစုတွေကို မသက်ရောက်စေချင်လို့ပါ။ ဘာသာတရားအရပြောရရင်လည်း ၀ဋ်ဆိုတာ လည်တတ်ပါတယ်။ ချမ်းသာကြွယ်ဝမှုဟာ ကံတရားနဲ့လည်း ဆိုင်ပါတယ်။ ၀ရိယနဲ့ ဥာဏ်ကူပြီး လုပ်ဆောင်သမျှဟာ ကံမပါရင် လိုရာမရောက် ဖြစ်တတ်ပါတယ်။ ဒါတွေရေးရင်း သတိထားရပါသေးတယ်။ မိချောင်းမင်း ရေကင်းပြ ဖြစ်မှာ စိုးလို့ပါ။
    ဇေကမ္ဘာကုမ္ပဏီ ဥက္ကဌ ဘုရားဒကာ မိသားစုက ရွှေနံ့သာရွာမှ လယ်သမားများ (မြန်မာနိုင်ငံမှ လယ်သမားများ) နှင့် ပြည်သူလူထုတို့ စိတ်ချမ်းမြေ့အောင် ကြံစည်ရွက်ဆောင်နိုင်ပါစေလို့ ပါးစပ်က ဘုရား ဘုရား လက်က ကားယား ကားယား ဖြစ်နေမည်ဆိုး၍ အသိပေးတိုက်တွန်းလိုက်ပါတယ် ဘုရားဒကာကြီးရယ်။

    ပြည်အေးအောင်
    Read more...

    Saturday, March 3

    0

    ဒေါ်အောင်ဆန်းစုကြည်မိန်းခွန်း ကောက်နှုတ်ချက်

  • Saturday, March 3
  • New Generation 2010
  • လူလှိုင်းထသွားတယ်လို့ ဆိုရလောက်အောင် များပြားတဲ့ မန္တလေးမြို့ အောင်ပင်လယ်ကွင်းမှာ လူထုခေါင်းဆောင် အစစ်အမှန်ပီသကြောင်း လူထုက သက်သေပြလိုက်သလို ပြည်သူချစ်သော ဒေါ်အောင်ဆန်းစုကြည်ကလည်း ပြည်သူတွေအတွက်မမောမပန်း စွမ်းဆောင်နေတာတွေဟာ ပြည်သူ့အကျိုးတကယ် ဆောင်ရွက်လိုသူ ဖြစ်ကြောင်း သက်သေတွေပါပဲ။ ဖိတ်ကြားစရာမလိုပဲ လာတဲ့ ပရိတ်သတ်။ ရင်ထဲက လှိုက်လှိုက်လှဲလှဲ ကြိုဆိုမှုတွေဟာ ပြည်သူ့သဘောထား လို့ကြွေးကြော်ထားတွေထက် ပိုပြီးစစ်မှန်တဲ့ ပြည်သူ့ သဘောထားအမှန်ကို ပြသလိုက်တာပါပဲ။


    မိန့်ခွန်းကောက်နှုတ်ချက်
    =========================
    ကျွန်မရိုးရိုးပြောရမယ်ဆိုရင် ကျွန်မမန္တလေးကိုလာတာ မန္တလေးပြည်သူတွေရဲ့အကူအညီတောင်းလို့ လာတာပဲ ဖြစ်ပါတယ်။ ဘာလို့လဲ ဆိုတော့ကျွန်မကိုမေးတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လာမယ့် ကြားဖြတ်ရွေး ကောက်ပွဲမှာအောင်နိုင်ပြီးတော့ ပြည်သူတွေရဲ့ အကျိုးကိုစွမ်းဆောင်နိုင်ဖို့ ကူညီပေးတဲ့အတွက် ကျွန်မ တောင်းခံပါတယ်။ ရွေးကောက်ပွဲဝင်ခြင်းအားဖြင့် ဘယ်လိုအကျိုးရှိမလဲဆိုတာကို နည်းနည်းဖြေချင်ပါတယ်။ ကျွန်မတို့ အနှစ် ၂၀ ကျော် လွှတ်တော်ပြင်ပနိုင်ငံရေးကိုလုပ်ခဲ့တယ်။ အခု လွှတ်တော်အတွင်းနိုင်ငံရေးကိုပါ ချဲ့ပြီးတော့လုပ်တော့မှာ ဖြစ်ပါတယ်။ အဲဒီလိုလုပ်ခြင်းအားဖြင့် ပြည်သူတွေရဲ့အသံကို အများကြီး ပိုလို့ပိုလို့ ကြားရပါလိမ့်မယ်။ ကျွန်မရွေးကောက်ပွဲအကြောင်းပြုပြီး ဒီလာလို့ ပြည်သူရဲ့အသံကိုကြားရပါတယ်။ ၁- သူကျွန်ဘ၀က လွတ်ဖို့ ပြည်သူရဲ့အသံတွေကို တစ်တိုင်းပြည်လုံးအပါအ၀င် တစ်ကမ္ဘာလုံးက ကြားရအောင်လို့ ကျွန်မတို့ကြိုးစားသွားရမှာ ဖြစ်ပါတယ်။ မန္တလေးမှာပြည်သူတွေရဲ့အသံကညံလွန်းလို့ ကျွန်မနားတောင် မကြား တော့ပါဘူး။ အင်မတန်မှ ကျေနပ်စရာကောင်းတဲ့ မြင်ကွင်းပါလို့ ကျွန်မပြောပါရစေ။ ကျွန်မတို့ရှေ့ဆက်ရမယ့် ခရီးက အင်မတန်ကြမ်းပါလိမ့်မယ်။ အင်မတန်ခက်ခဲပါလိမ့်မယ်။ ဒါကျွန်မအခုကတည်းပြောထားတာပါ။ ဒီမိုကရေ စီဆိုတာ ရအောင်လုပ်ဖို့လည်း မလွယ်ဘူး။ ရပြီးတဲ့ အခါတည်တံ့ခိုင်မြဲအောင်လုပ်ဖို့လည်း မလွယ်ဘူး။ အင်မတန်မှ အလုပ်တွေများများလုပ်ပြီး တဖြည်းဖြည်းသွားရမှာဖြစ်ပါတယ်။ ကျွန်မတို့ရဲ့ မူဝါဒသဘောတရားတွေကို အသေးစိတ် တော့ကျွန်မရှင်းမပြတော့ဘူး။ နောက်ပိုင်းရုပ်မြင်သံကြားက လွှင့်ပြမယ်။ အခုကျွန်မ ပြည်သူတွေရဲ့အင်အားကို ဒီလိုမြင်တဲ့အခါ စောစောက အကူအညီလာတောင်းတဲ့ အထဲမှာပေါ့နော် ပထမ ကျွန်မတို့ရွေးကောက်ပွဲမှာ အောင်နိုင်ဖို့အတွက် အကူအညီလာတောင်းတာပါ။ နောက်ပြီးတော့ ဒီအင်အားတွေကို မှန်မှန်ကန်ကန်သုံးဖို့အတွက် ကျွန်မမေတ္တာရပ်ခံလိုက်ပါရစေ။ အကူအညီ တောင်းပြန်ပြီ။ ကြီးလေလေ မှန်မှန်ကန်ကန် အသုံးချဖို့ အရေးကြီးလေလေပဲ။ ကြီးမားတဲ့အင်အားကို အန္တရာယ်တွေအများကြီး ဖြစ်နိုင်ပါတယ်။ ကျွန်မတို့ပြည်သူလူထုဟာ ကိုယ့်မှာရှိတဲ့ တန်ဖိုးဖြတ်မရတဲ့ အင်အား တွေကို မှန်မှန်ကန်ကန်သုံးကြပါလို့ မေတ္တာရပ်ခံချင်ပါတယ်။
    Read more...

    Friday, March 2

    0

    ထီတစ်စောင် (၂၀၀ ) ကျပ်ဆို

  • Friday, March 2
  • New Generation 2010

  • ကျွန်တော် ပျော်ဘွယ်သားတယောက် အလုပ်ပိတ်ရက်လေး.. မှာ ကျွန်တော် စီးတော်ပျံလေး ပျက်တော့မှာမို့လို့ အမေ က လိုက်ဝယ်ပေးမယ်ဆိုလို့ ဈေးကို လိုက်သွားပါတယ်။ ကျွန်တော်တို့ ထီဆိုင်လေ တစ်ဆိုင်ရှေ့က ဖြတ်လျှောက်လာတော့ အမေ က ထီထိုးရအောင် သားတဲ့ ၊ ဒါနဲ့ အမေ က ထီစောင်ရွှေးလိုက်ပါတယ်.။ ၂ စောင်တွဲလေးပါ။ အိမ်နံပတ်တို့ ဘာတို့ ပေးပြီးတော့ အမေ က ဘယ်လောက်လဲ ဆိုတော့ ထီ ၂ စောင်တွဲလေးကို ၆၀၀ ပါတဲ့။ အမေ က ဈေးဆစ်တော့ ၅၀၀ ထားပါလို့ ပြောတော့ မ၇ပါဘူးတဲ့။ အမေက ပေးလိုက်ပါတယ် ပြီးတော့ ကျွန်တော်ကို မေးပါတော့သည်။ နင်ပြောတော့ ထီတစောင် ၂၀၀ ရာ ကျပ်ဆို အခုဘယ်လိုဖြစ်တာလဲ ? တဲ့။ ကျွန်တော် လဲ မပြောပြတော့ဘူး အမေ ။ ကျွန်တော် ဂျာနယ်တွေ မှာရေးထားတာကတော့ ထီတစ်စောင် ၂၀၀ ကျပ်တဲ့ အမေ။ နိုင်ငံတော်က လဲ ထီတစောင် ၂၀၀ ကျပ်ပါအမေ။ ဒီလိုမျိုးကတော့ ကျွန်တော်လဲ မပြောတတ်တော့ပါဘူးအမေ။ ကျွန်တော် လဲ အမေ နဲ့အတူ စီးတော်ပျံလေးအသစ်ကို ဝယ်ပြီး အိမ်ရောက်တော့ ကျွန်တော် စဉ်းစားပါတော့သည်။ ကျွန်တော် ဂျာနယ်တွေ ထဲမှာ တွေ့တွေ့နေပါတယ် ထီထိုးကြပါလို့ ဆရာတွေ ကပြောနေပါတယ်။
    အခြေခံလူတန်းစားတွေ အပါအဝင် အားလုံးသော လူတွေက ထီထိုးချင်ကြပါတယ်။ ဒါပေမယ့် နိုင်ငံတော် က သတ်မှတ်ထားတဲ့ ထီဈေးက ၁ စောင် ကို ၂၀၀ ပါ ။ အပြင်မှာ ထီဈေးတွေက နိုင်ငံတော်က ချပေးတဲ့ ထီဈေးထက် ဈေးတွေက ကွာဟနေပါတယ်။ ထီ တစ်ဆိုင်နဲ့ တစ်ဆိုင် မတူသလို ၊ ထီ ၁ စောင် ရောင်းဈေးတွေ ကလဲ မတူပါဘူးခင်ဗျာ။ တချို့ က တစ်စောင် ၂၅၀ ကျပ်နဲ့ ရောင်းသလို ၊ တချို့ က လဲ ထီတစ်စောင် ၃၅၀ အထိ ရောင်းတာတွေ လဲ ၇ှိနေပါတယ်။ ကျွန်တော်တို့လို ၂ စောင်တွဲတွေ ဝယ်တဲ့လူတွေ အတွက်တော့ မဆိုလိုပါဘူး။ ၁၀ စောင်တွဲတို့ ၊ မင်္ဂလာစုံတွဲတို့ ထိုးတဲ့ လူတွေ အတွက်တော်တော်လေးကို ဆိုးပါတယ်။ အရင်းအတိုင်းရောင်းမယ်ဆိုပါက ၁၀ စောင်တွဲ ဈေးနှုန်းမှာ ၂၀၀၀ သာရှိမှာ ဖြစ်ပါတယ်။အခု ၁၀ စောင်တွဲ ဈေးနှုန်းတွေ မှာ ၆ ထောင် ကနေ ၇ ထောင် ကြားရှိနေကြပါတယ်။ အထူးမင်္ဂလာစုံတွဲတွေ ဆိုပိုဆိုးပါတယ်။ အရင်းအတိုင်းထက် နဲနဲလေးပိုယူမယ်ဆိုရင်လဲ ယူပါ မယူပါနဲ့လို့ မပြောလိုပါဘူး။ လူအချင်းချင်းပဲ နဲနဲလေးတော့ စာနာထောက်ထားသင့်ပါတယ်။ ဆိုကြပါစို့ဗျာ… အထူးမင်္ဂလာစုံတွဲ ဈေးက ၁ သောင်း အထက် ပဲ ဆိုပါစို့ဗျာ။ အခြေခံလူတန်းစားတွေ အနေနဲ့ ဘယ်လိုမှ မတတ်နိုင်ဘူး ခင်မျာ။ မင်္ဂလာစုံတွဲ ဈေးကလဲ ၁ သောင်းနီးနီး ၊ ၁၀ စောင်တွဲ တွေ ကလဲ ၆ ထောင် နဲ့ ၇ ထောင် ဝန်းကျင်ဆိုတော့ အခြေခံလူတန်းစားတွေ အနေနဲ့ ဘယ်လိုမှ တတ်နိုင်မှာမဟုတ်ပါဘူးခင်မျာ။ ဒါကို နားလည်စွာနဲ့ နိုင်ငံတော် အစိုးရက ထီတစ်စောင် ၂၀၀ ကျပ်လို့ ဈေးနှုန်းသတ်မှတ်ထားပေမယ့် အမြတ်ကြီးစားကြသော ထီဆိုင်အချို့မှာ မူရင်းဈေးထက် ပိုပြီး ရောင်းနေတာကို တွေ့နေရပါတယ်ခင်မျာ။ အခုလို နိုင်ငံတော်ကြီးကို အဖက်ဖက်က တိုးတက်အောင် လုပ်ဆောင်နေချိန်မှာ ဒီလို ဖြစ်နေတာတွေဟာ တကယ်တော့ မဖြစ်သင့်တဲ့ဟာတွေပါ။ ပြည်သူလူထု အနေ နဲ့လဲ ထီဆိုင်တွေမှာ ထီထိုးရင် မူရင်းဈေးနဲ့ ရောင်းစေချင်ပါတယ်။ ဒါမှလဲ ထီဝါသနာအိုးတွေ အတွက် သက်သာမှာဖြစ်ပါတယ်။ ခေတ်အဆက်ဆက် ပြောင်းလဲ လာတဲ့ ထီလောက ကြီးမှာ ထီဈေး က ၂ ကျပ် က စလို့  အခု ၁ သောင်း ကျော်အထိ ဖြစ်နေတာကို တွေ့နေရပါတယ်။ ဂျာနယ်တွေ ကလဲ ထီ တစ်စောင် ၂၀၀ ဖြစ်ပြီဟုပြောနေပါပြီး။ အချို့စာရေးဆ၇ာကြီးတွေ တောင် ထီထိုးကြပါလို့ တိုက်တွန်းနေတာကိုတွေ့နေရပါတယ်။ ဒါကြောင့် ထီရောင်းသူများအနေ နဲ့ မူရင်းဈေးနဲ့ ရောင်းချနိုင်မယ်ဆိုပါက ရောင်းချပေးစေချင်ပါတယ်။ ပိုမိုတောင်းခံခြင်းကို အတိုင်းထက်အလွန်မလုပ်မိစေဖို့ ထီမြတ်နိုးသူတယောက်နေနဲ့ တိုက်တွန်းလိုက်ရပါတော့သည်။

    ပျော်ဘွယ်သားလေး
    Read more...

    Thursday, March 1

    0

    ပဲပြုတ်သည် မေမေ

  • Thursday, March 1
  • မျိုးဆက်သစ်လူငယ်


  • ဝေလီရယ် လင်းပါပေါ့

    ပဲပြုတ်ရောင်း ထွက်ရမည်

    လှေကလေးကိုပြင်

    သားငယ်က ပဲ့ကလှော်လို့

    လှေဦးမှာ အမေထိုင်

    တကျော်ကျောင် အော်ရှာလေတယ်

    ဟောဒီက ... ပဲပြုတ်။

    ချောင်းရေကဆန်

    အားတင်း၍ သားငယ်လှော်ဟန်

    အမေမှာ ဘ၀င်မထိလှတယ်

    အမေ ကူလှော်ပါ့မယ်ကွယ်။

    အမေ့အော်သံကြားပါပေါ့

    လာပါအုံးပဲပြုတ်သည်

    လှေနံချင်းယှဉ် ပဲပြုတ်ရောင်းတယ်

    ဧရာဝတီ မြစ်ဝကျွန်းပေါ်။

    ချောင်းရေက အကျ

    တံတားဦး လှေမမီ

    ရွှံ့ဗွက်က အမေရုန်းတက်တယ်

    ရွာပေါ်မှာ ပဲပြုတ်ရောင်းဖို့။

    အမေက မှာသံပါးတယ်

    ရွာဦးက အမေ့ကိုစောင့်လော့

    ကျောင်းတက်ချိန်အမီရောက်အောင်

    သုတ်သုတ်ရောင်း၍ ပြန်ကြမယ်

    အားထည့်၍လှော်။

    ရွာပေါ်က အမေ့အသံ

    နားထဲမှာ ကြားယောင်သေးတယ်

    ပဲပြုတ် ... ပဲပြုတ် ... ပဲပြုတ်

    လှေကလေးကိုလှော်ရင်းပေါ့

    နောင်တော်လေး (ဘိုကလေး)

    Read more...
    0

    ကုန်သွယ်ခွန် ပြေးဆွဲခွန် လမ်းကြေး နဲ့တင်မပြီးသေးပါ

  • New Generation 2010
  • ဧရာဝတီမြစ်ဝကျွန်းပေါ်က လာတဲ့ ငြီးတွားသံလို့ ဆိုချင်ပါတယ်။ ဒလ နဲ့ ဖျာပုံ ကိုကုန်ကူးနေတဲ့ ကိုတုတ်ကြီးတော့ မဟုတ်ဘူး။ ခရီးသည်ယာဉ်မောင်းနှင်နေသော ယာဉ်မောင်းတစ်ယောက် ကဒီစကားတွေကို ခံစားချက်အပြည့်နဲ့ ပြောလာတာပါ။ သူဟာယာဉ်ပိုင်ရှင်တစ်ယောက်ပါ။ ကိုယ့်ကားကိုယ်မောင်းရင်း ကိုယ်တိုင်မကျေနပ်တာလေးတွေကို ခံစားမြိုသိပ်နေရင်းက စပ်မိစပ်ရာ ပြောကြဆိုကြရင်း “သူုတို့မှာ ကားပြေးဆွဲခွင့်ရဖို့ ကုန်သွယ်ခွန်ဆိုတာ ဆောင်ရတယ်။ နောက်တော့ ပြေးဆွဲခွန်ဆိုတာ ရှိသေးတယ်။ ဒါတင်မကသေးဘူး အဲသလို အဲသလို အခွန်တွေ ဆောင်ပြီးတာတောင်မှ လမ်းမှာရှိတဲ့ ဂိတ်တွေ ဂိတ်တွေကို လမ်းကြေးလည်း ပေးဆောင်ရပါ သေးသတဲ့။ အဲဒီလမ်းကြေးကောက်နေတဲ့ ဂိတ်တွေနဲ့ ပတ်သက်ပြီးတော့လည်း ကောက်ခံနေ တဲ့ ကုမ္ပဏီတွေနဲ့ အစိုးရ ဘယ်လိုသဘောတူပြီး စာချုပ်ချုပ်တယ်ဆိုတဲ့ အချက်တွေပါပဲ။ ဘာလို့ သူအဲဒါကို သိချင်တာလဲ ဆိုတော့ လမ်းကြေးကောက်ခံမှုတွေဟာ မှန်ကန်မှုမရှိဘူး။ ယခင်ကထက် ပိုပေးလာရတယ်။ နောက်ပြီး အဲဒီဂိတ်တွေကို ဖြတ်ရင် သတိထားရတယ်။ ကားမောင်းပြေးမှာဆိုလို့ ကာရံထားတယ်။ ညမှုညတာမှာဆို အချက်ပြမီးလည်းမရှိ သတိလက်လွတ်ဖြစ်ပြီး မောင်းမိရင် သူတို့ဂိတ်ပျက်စီးလို့ ရော်ကြေးပေးရအုံးမှာ ။ အဲဒီလို ကုမ္ပဏီတွေနဲ့ အစိုးရရဲ့ သဘောတူညီမှုစာချုပ်တွေကို အများပြည်သူက ဘာကြောင့် သိရှိခွင့် မရတာလဲ ဆိုတာကိုလည်း မပြောတတ်လောက်အောင်ပါပဲ။
    ထားလိုက်တော့ဗျာ ... ကုန်သွယ်ခွန်၊ ပြေးဆွဲခွန်၊ လမ်းကြေး တွေပေးမှ မောင်းနှင်ခွင့်ရမှာ ဆိုတော့ ပေးဆောင်ပြီး မောင်းနှင်နေရတာပဲ။ အဲဒါနဲ့ ပြီးရောလားဆိုတော့ မဟုတ်ပြန်ဘူးဗျ စစ်တပ်က ချောစွဲရင်လည်း လိုက်ပေးရသေးတယ်။ ထွေ/အုပ် ကချောဆွဲရင်လည်း လိုက်ပေးရသေးတယ်။ ကိုယ့်မိသားစု စီးပွားရေးအတွက် လုပ်နေတာ အခွန်တွေလည်း အမျိုးမျိုးပေးပြီးပြီ ဒါနဲ့တင်မပြီးဘူးလား။ ဒါတွေဟာလည်း ကျေနပ်စရာမရှိတဲ့ အခြေအနေ တွေပါပဲ ...............
    ဒလ - ဖျာပုံ ခရီးသည်ယာဉ်လိုင်းမှ ယာဉ်မောင်းတစ်ဦး၏ ရင်ဖွင့်သံ
    Read more...

    Saturday, February 18

    0

    ပုသိမ်မြို့ အမှတ်(၈) နယ်မြေ ဧရာမင်းဈေးမြေကိစ္စ

  • Saturday, February 18
  • New Generation 2010


  • အကြောင်းအရာ။ ။ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ အမှတ်(၈) နယ်မြေ ဧရာမင်းဈေးမြေကိစ္စနှင့် ပတ်သက်၍ အကူအညီတောင်းခံခြင်း
    ၁။ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ အမှတ်(၈) နယ်မြေ ဧရာမင်းရပ်ကွက်ရှိ ဧရာမင်းဈေး ကို ၁၉၉၀ ခုနှစ် ဇန်န၀ါရီလ ၁ရက်နေ့ပြန်လည်နေရာချထားရေး စီမံကိန်းတွင် တိုင်းမှူးဗိုလ်ချူပ်မြင့်အောင် လက်ထက်မှ ဧရာမင်း ရပ်ကွက်နှင့်အတူ ဈေးမြေအား ကွင်းအမှတ် ၁၁၉ မဟာဗောဓိ၊ ဦးပိုင်အမှတ် --/၁၆၄ - အလျှား ၄၀၀ပေx အနံ ၁၂၀ပေ (၁.၁၀ ဧက) အကျယ်အ၀န်းအဖြစ် အခိုင်အမာချထားခဲ့ပါသည်။
    ၂။ ၂၀၁၀/၂၀၁၁ ခုနှစ်တွင် အမှတ်(၈) နယ်မြေ အုပ်ချူပ်ရေးမှူးအဖြစ် တာဝန်ထမ်းဆောင်သော ဦးရဲနီမှ အာဏာပိုင်အဖွဲ့များ နှင့် မြေစာရင်းအဖွဲ့တို့ ပူးပေါင်းကာ ဧရာမင်းဈေးဆိုင်ခန်းများကပ်လျှက်မှ ကျန်ရှိနေသော အမှိုက်ကန်၊ မီးသတ်ကန်၊ အိမ်သာ တို့ထားရှိသော ၁၈၀ပေx ၁၂၀ပေ အတွင်း အိမ်ယာ ၈ ကွက်ရိုက်၍ မတရား သိမ်းပိုက်ကာ ဈေးသူဈေးသား၊ ရပ်ကွက်စည်ပင် ခွင့်ပြုချက်မရှိဘဲ အနှစ် ၄၀ မြေဂရံများ ပြုလုပ်ရောင်း စားခဲ့ပါသည်။
    ၃။ အဆိုပါဈေးမြေကွက်အား ၀ယ်ယူထားသောသူများအနက်မှ ဒေါ်စန်းစန်းဌေး အမည်ခံပိုင်ဆိုင်သူ ဦးရဲနီမှ (၈.၁၂.၂၀၁၁) တွင် ခြံများ အခိုင်အမာကာရံပြီး မိုးကောင်းကင် ကေတီဗွီ(KTV) ဖျက်သိမ်းခံအဆောက်အဦအား ရွှေ့ပြောင်း ဆောက်လုပ်လာပါသဖြင့် ဈေးသူဈေးသားများမှ ၁၂.၁၂.၂၀၁၁ ရက်နေ့တွင် တိုင်းဒေသကြီး ၀န်ကြီး ချူပ်အား လည်းကောင်း၊ တိုင်းစည်ပင်၊ မြို့နယ်စည်ပင် အသီးသီးအားတိုင်ကြားခဲ့ပါသည်။
    ၄။ ၁၆.၁၂.၂၀၁၁ တွင် မြို့နယ်စည်ပင်မှ ဒေါ်စန်းစန်းဌေးအား အဆောက်အဦဆောက်လုပ်မှု ခေတ္တရပ်ဆိုင်းထားရန် ခေါ်ယူတား မြစ်ခဲ့သော်လည်း ဦးရဲနီမှ နေ့ဆိုင်း၊ ညဆိုင်း အလုပ်သမားများ အသုံးပြု၍ အပြီးသတ် အချောကိုင် ဆောက်လုပ်ခဲ့ရာ ၄.၂.၂၀၁၂ ရက်နေ့တွင် ဦးရဲနီသမီးမှ ပြောင်းရွှေ့နေထိုင်လာပြီး ၈.၂.၂၀၁၂ တွင် (E.P.C)မှ မီတာများ တပ်ဆင်လာသည်အထိ မည်သည့်အဖွဲ့အစည်းမှ ဟန့်တားနိုင်ခြင်းမရှိ၍ ဈေးသူ ဈေးသားများမှ တိုင်းဒေသကြီးအား ၂၅.၁.၂၀၁၂ တွင် တစ်ကြိမ်၊ ၄.၂.၂၀၁၂ တွင် တစ်ကြိမ်၊ ၉.၂.၂၀၁၂ တွင် တစ်ကြိမ် သွားရောက်မေးမြန်းခဲ့သော်လည်း ထူးခြားမှု တစ်စုံတစ်ရာမရှိသေးပါ၍ နိုင်ငံတော် သမ္မတကြီးနှင့် တကွ အစိုးရအဖွဲ့များ သိရှိနိုင်စေရန် ဆောင်ရွက်ပေးစေလိုပါကြောင်း အကူအညီတောင်းခံအပ်ပါသည်။

    (တင်ပြအစီရင်ခံသူ)
    ဦးကံရှိန်


    Read more...

    Wednesday, February 15

    0

    မဟာမဲခေါင်ဒေသခွဲ အစည်းအဝေး စာနယ်ဇင်းရှင်းလင်းပွဲတွင် ဦးခင်ရွှေပြောသော အမှာစကား

  • Wednesday, February 15
  • New Generation 2010
  • ပြည်တွင်းမီဒီယာများအပေါ် ပြင်းထန်စွာ ဝေဖန်ခြင်းနှင့်ပတ်သက်သော (၂၈)ကြိမ်မြောက် မဟာမဲခေါင်ဒေသခွဲ အစည်းအဝေး စာနယ်ဇင်းရှင်းလင်းပွဲတွင် ဦးခင်ရွှေပြောသော အမှာစကား

    Khin Shwe
    Read more...

    Thursday, February 9

    0

    နေပြည်တော်ကို ရောက်ခဲ့သည်

  • Thursday, February 9
  • New Generation 2010
  • ရေပန်းဥယာဉ် အ၀င်အ၀ကို ၇ိုက်လာတာပါ။ ကုန်းခေါင်ခေါင်မှာတည်ထားမှတော့ အဲဒီအတွက် ငွေကုန်ကြေးကျ ဘယ်လောက်များ လိမ့်မလဲ စဉ်စားသာ ကြည့်ကြပေတော့။

    နေပြည်တော်ဆိုတာကြီးက ဘယ်လိုဘယ်လိုကြောင့်လဲတော့ မသိ Google earth ကနေ ရှာကြည့်တာတော့ မတွေ့ရဘူး။ ခိုးကြောင့်ခိုးဝှက် နေကြတဲ့နေရာကြီးပေါ့ဗျာ ... အဲဒီနေရာကြီး စတည်တော့ ဆောက်လုပ်ရေး လုပ်သားအဖြစ်နဲ့ေ၇ာက်တယ်ဗျ။ ကုမ္ပဏီတွေရဲ့ ညစ်ကြီးကပ်ကျယ် လုပ်မှုတွေကြားမှာ မမြတ်လဲလုပ် ရှုံးလဲ ခံ လုပ်ခဲ့ရတာ။ ပျဉ်းမနားမြို့ဟာ အဲဒီအချိန်တုန်းက နယ်ပေါင်းစုံက ခရီးသွားတွေနဲ့ အတော်ကို စည်ကားတယ့် ။ ဈေးထဲမှာဆိုလည်း ကြက်ပျံမကျပေါ့ဗျာ ။ အခုအနေအထား သွားကြည့်ပါလား ဘူတာအဟောင်းကို ဖျက် နေပူကျဲကျဲ ကွင်းပြင်ထဲမှာ ဘူတာရုံကြီး အကြီးကြီးဆောက် တကယ်ကို့ စိတ်ပျက်စရာပါဗျာ ။ လုပ်တိုင်း ဖြစ်တယ် ဆိုပြီး ရှောက်လုပ်နေတာ ။သောက်ဆံတွေက ဘယ်က ဘယ်လိုရနေကြလဲ မသိဘူး။ အကြွေးတွေ သာလယ်ပင်းမြုပ်နေတယ်လို့ သတင်းကြားရတယ် ။ ဘကြီးသားတို့ကတော့ နည်းနည်း မှမလျှော့ဘူးနော် ။
    ပြောချင်တာက ဘူတာရုံကြီးနဲ့ တစ်ဆက်တည်းပါပဲ ။ သူတို့ဆောက်တဲ့ ဘူတာရုံကြီးလည်း ကြီးပါတယ် ခန်းလည်း ခန်းနားလှပါပေတယ်။ သို့ပေသည့် ဗျာ ဘူတာရုံဆောက်ပြီး ခြံခတ်ထားတာကြီးက ဧရာအန္တလား ။ မလိုအပ်ဘဲနဲ့ မြေကြီး အလဟသ ဖြုန်းတာတွေ တွေ့ရတယ်ဗျာ ။ ရုံးကြီးတွေ ဆောက်ထားလိုက်ပြန်တော့ လည်း မြေနေရာတွေ အဆောက်အဦးအတွက် လိုအပ်သည်ထက် ပိုပြီးယူထားကြတာ သက်သက် မြေကြီး ဖြုန်းတဲ့ အစိုးရပဲ။ တောင်သူတွေ ဒေသခံတွေမှာတော့ ဒီလယ်တွေမှာ စိုက်ပျိုးစားသောက်တဲ့ အလုပ်ကို စွန့်ပြီး အိုစာကနေ မင်းစာ အဖြစ်ပေးလိုက်ကြရတာ။ လယ်သမားကြီး တစ်ယောက်က ပြောလိုက်ပါသေး တယ်။ ငါတို့ လယ်တွေအတွက် တန်ရာတန်ကြေးပေးပြီး သိမ်းတာ မဟုတ်ဘူးတဲ့။ အဲဒါကို တိုင်စာတက်ပြီး တောင်းရအုံးမယ်။ တောင်းမှ ရမယ့်ကောင်တွေတဲ့။ အစိုးရကပြည်သူ့မျက်နှာ မကြည့် ဘူးလို့ပြောရင် ဦးသိန်းစိန်က နေရာတကာ လိုက်ကြည့်နေနိုင်မလားဆိုပြီး ပြောကြအုံးမယ်။ ဦးသိန်းစိန် နေရာတကာ လိုက်မကြည့်ပေမယ့် ကိုယ့်အောက်က ကောင်တွေ ဘယ်လို လုပ်နေတယ် ဆိုတာ တော့ အမှန်အတိုင်းသိအောင်လေ့လာဗျ ။ ခြံကြီးတွေ ဧရာအန္တယူထားပြီး သစ်ပင်ကျတော့ ဟုတ်တိ ပတ်တိစိုက်လားမေး။ ကွင်းပြင်ကြီးထဲမှာ ထီးထီးကြီးတွေ။ ၀န်ထမ်းအိမ်ရာတွေမှာတော့ ငှက်ပျောပင်လေးတွ ပန်းပင်လေးတွေ အရိပ်ရအောင် စိုက်ထားတာကို မြင်ရပါတယ်။ တကယ့်ဗျာ တောတွေ တောင်တွေကို ကတုံးဖြစ်အောင် လုပ်ပြီး ပြန်လည်ပြုစုရတာ။ ထားသင့်တာထားလို့ အတိုင်းအတာနဲ့ လုပ်သွားတယ်လို့ ကျွန်တော်ကတော့ မမြင်ဘူးဗျ။ လုပ်ချင်ရာ စွပ်လုပ်သွားတာပဲ မြင်တယ်။
    ပြည်သူလူထုကလည်း လုပ်သမျှ မင်းစာချည်းဖြစ်နေလို့ ဒီမင်း ဒီအစိုးရ ပြောင်းချင်သလို ဟန်လုပ်ပြီး ပြောင်း နေပေမယ့်လည်း ဒီပုပ်ထဲက ဒီပဲ ဆိုတာကို သိနေကြတယ်လေ။ ဘယ်တော့မှ မယုံဘူး။ သေတောင်မယုံဘူး။ အစိုးရကို အဲလောက်အထိ မေတ္တာရှိတဲ့ ပြည်သူတွေပါ။ ဘယ်သူကောင်းမကောင်းဆိုတာတော့ ရှင်းပြစရာ မလိုဘဲ သိပါတယ်။ မကောင်းဘူးဗျာ ။ နောက်မှပဲ ဆက်ပြောတော့မယ်.... ။
    Read more...

    Sunday, February 5

    0

    မီဒီယာတွေ ဘယ်လိုလဲ

  • Sunday, February 5
  • New Generation 2010
  • နေပြည်တော် သတင်း

    မီဒီယာလောကထဲ ၀င်ရန် ခွင့်ပြုမိန့်ရပြီး သတင်းစာ + ဂျာနယ်+ စာအုပ်ထုတ်ဝေရေးထဲဝင်ရန် (နိုဝင်ဘာ - ၁၅) ရက်တွင် နေပြည်တော်တွင် စုပေါင်း အစည်းအဝေးပွဲလုပ်။
    ပြည်ပသို့ ထွက်ခွာ၍ ပညာရှင် + စက်ပစ္စည်း + ........ တွေ ၀ယ်နေ၊ ရှာနေ (စင်္ကာပူ+ ထိုင်ဝမ်+ India + သြစတေးလျှ)
    မီဒီယာလောက ကို ကိုင်လှုပ်ရန် ရည်ရွယ်နေ
    အမေရိကန် သူဌေးကြီး ရူးပတ်မားဒေါ့ရဲ့ နည်းကို ယူရန် ညွှန်ကြားထား
    ကိုကို(စက်မှုတက္ကသိုလ်) + စိတ်လစိ မြတ်ခိုင်တို့မှ အဓိက ပူးပေါင်းကူညီနေ
    MRTV - 4 - မျိုးမြတ်သူ၊ ကိုကိုလှိုင်တို့လည်း ပါဝင်
    မြတ်ခိုင် ဇာတ်စင်ပြောင်းဖို့ စီစဉ်နေ

    ဓာတ်ပုံပါ စာသား အချို့ကို အလွယ်တကူ ဖတ်ရှုနိုင်စေရန် ပြန်လည် ရေးသားခြင်း ဖြစ်သည်။ မီဒီယာလောကကို သင်းခွဲ သပ်လျှိုရန် အစွမ်းထုတ်နေသော အစိုးရအဖွဲ့အစည်းနှင့် ခင်ရွှေ ဇေမ္ဘာဟာ ပြည်သူ့ရန်သူတော်များဖြစ်ကြောင်း သိရှိကြစေ ....
    Read more...
    0

    မြန်မာစီးပွားရေး လုပ်ငန်းရှင်ကြီး တေဇ

  • New Generation 2010

  • မက်စ်မြန်မာ ဦးဇော်ဇော်ဟာ အမေစုရဲ့ မန္တလေးခရီးစဉ်မှာ ဗထူးအားကစားကွင်းကို ငိုချင်ရက်လက်တို့ လိုလိုလားလားကို အသုံးပြုဖို့ခွင့်ပြုခဲ့တာပါ...။ သောနုတ္တရလက်သစ် ဦးအောင်သောင်းကြောင့် အခြေအနေတွေ ပြောင်းလဲခဲ့ရပါတယ်..။

    မက်စ်မြန်မာ ဦးဇော်ဇော်ကတော့ အမေစုကို ထောက်ခံနေပါပြီ...။ ဒါဆို မြန်မာပြည်ရဲ့
    စီးပွားရေးလုပ်ငန်းရှင်ကြီး ဦးတေဇဆိုသူကရော.. မေးစရာရှိပါတယ်..။

    ဒီမိုဝေယံနဲ့ GRW ၂၀၁၀ ၈လပိုင်းက ပူပေါင်းရေးသား ဖော်ထုတ်တင်ပြခဲ့တဲ့
    မြန်မာပြည်ရဲ့စီးပွားရေးဘီလူး တေဇပိုင်တဲ့ ဟိုတယ်များအကြောင်း တစ်စေ့တစ်စောင်း.. အကြောင်းနဲ့ ဗိုလ်သန်းရွှေသား ကြိုင်ဆန်းရွှေ ပိုင်တဲ့ ဟိုတယ်များအကြောင်း အများသိရှိစေဖို့ ပြန်လည် တင်ပြလိုက်ပါတယ်..
    http://www.demowaiyan.co.cc/2010/08/blog-post_720.html

    စစ်အာဏာရှင် လက်ထက် အာဏာရှုးတွေနဲ့ ပေါင်းပြီး ဝေစားမျှစား ထင်တိုင်းကြဲပြီး ဗိုလ်သန်းရွှေရဲ့ သားမက်လို့ အပြောခံရလောက်အောင် နာမည်ကြီးတဲ့ ခေတ်ပျက်သူဋ္ဌေး လက်နက်ပွဲစား ပြည်သူ့ဘဏ္ဍာတွေနဲ့ တစ်ဦးတည်းပိုင် ဈေးကွက် စီးပွားရေးတွေ လုပ်ပြီး ရှိသမျှ စီးပွားရေး လုပ်ငန်းတွေကို လက်ဝါးကြီးအုပ်ထားတဲ့ မြန်မာပြည်က အချမ်းသာဆုံး ပုဂ္ဂိုလ် ဦးတေဇရဲ့ ဟိုတယ်လုပ်ငန်းများ အကြောင်းကို (Generals and their relatives watchers GRW စစ်အာဏာရှင်နှင့် အဆက်အနွယ်များအား စောင့်ကြည့်ဖော်ထုတ်ရေးအဖွဲ့) အတွင်းသိမှ ပေးပို့လာတာကို တင်ပြလိုက်ရပါတယ်။

    မောင်တေဇဆိုပြီး အများသိနေကြတဲ့ သူကိုယ် သူဟာ ဘယ်လို ချမ်းသာလာတာလည်းဆိုတာတော့ အားလုံးသိပြီးသားမို့လို့ အထူးတလည် မရေးတော့ပါဘူး… တလောကလည်း နောက်ထပ်လေယာဉ်တွေ ထပ်ဝယ်တာလည်း အားလုံးအသိပါပဲ။ မြန်မာပြည်မှာ လေယာဉ် ဝယ်နိုင်လောက်အောင် ချမ်းသာတာ သူတစ်ဦးတည်းရှိပါတယ်။ အခုလည်း ငွေမဲတွေ ခဝါချဖို့အတွက် ဘဏ်လုပ်ငန်းလုပ်ကိုင်ခွင့် ရပြန်ပြီလေ… ။ ထားပါတော့ ကျွန်တော်က ကျွန်တော် သိတဲ့ တေဇရဲ့ ဟိုတယ်လုပ်ငန်းတွေ အကြောင်းကို အားလုံးသိအောင် တင်ပြပေးလိုက်ပါတယ်…။

    တေဇရဲ့ရေတွက်လို့မရတဲ့ လုပ်ငန်းတွေထဲက လုပ်ငန်းတခုကို ပြပါဆိုရင်တော့ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းကို ဦးစားပေးပြီးပြောကြရအောင်… ဘာကြောင့်လည်း ဆိုတော့ ကျွန်တော်က ဒီလုပ်ငန်းနဲ့ အနည်းနဲ့အများ ပတ်သတ်နေတဲ့ အတွင်းသိသူ တစ်ယောက်ဆိုတော့ တေဇရဲ့ ဟိုတယ် လုပ်ငန်း အကြောင်းတွေကို ဦးစွာ ပြောပြပါမယ်..။ ပထမဦးစွာလွန်ခဲ့တဲ့ နှစ်တွေ များကသူ ဟိုတယ်တွေ တစ်လုံးပြီးတစ်လုံးနေရာတိုင်းမှာ စဆောက်တာတွေကို ပြောပါရစေ ကမ္ဘာကျော် ဟိုတယ်ကြီးတွေ ဖြစ်တဲ့ ရှန်ဂရီလာတို့ …. Traders Hotel တို့ Hilton Hotel တို့တောင် အဲ့လောက် ရင်းနှီးမြုပ်နှံ နိုင်ပါ့မလားလို့ ထင်မိပါတယ်… မြုပ်နှံနိုင်မယ် ဆိုရင်တောင် အခု လို ခရီးသွားတွေ သိပ်မလာတဲ့ အချိန် မှာဟိုတယ်တွေ တစ်လုံးပြီးတစ်လုံး နေရာတိုင်းမှာဆောက်ဖို့ ဆိုတာတော်ရုံတန်ရုံ ငွေဖြူနဲ့ ကတော့ ဘယ်လို မှ ဆောက်လို့ မရနိုင်ပါဘူး…။ ငွေ ကို စက်နဲ့ ရိုက်ထုတ်ရင်ထုတ် သို့ မဟုတ် ကျန်တဲ့ လိုအပ်သမျှကို အလကား အကုန်ရမှပဲ ရပါမယ်… ။ သစ်ကနေ စပြောရရင် မြန်မာပြည်သစ်တောထဲ က သစ်တွေကို အကုန်ဖြုန်းတီးဖြစ်တဲ့ မောင်တေဇ ရဲ့  ဟိုတယ် List တွေကို အရင်ဆုံးပြောပါရစေ…. အောက်ကလင့်တွေကတော့ မောင်တေဇပိုင်တဲ့ ဟိုတယ်တွေပါပဲ...။ စီးပွားရေးအစုံလုပ်ပြီး ဓနအင်အားမှာ ဘယ်သူမှ လိုက်မမှီတဲ့ အတွက် ဟိုတယ်တွေမှာလည်း သူ့ကိုဘယ်သူမှ မပြိုင်နိုင်ပါဘူး။
    Tayza Hotel
    တေဇပိုင် ဟိုတယ်တွေပါ...
    အောက်ကလင့်တွေကတော့ ဦးတေဇပိုင်တဲ့ ဟိုတယ်လုပ်ငန်းတွေရဲ့ Home Page ပါ…..
    http://www.aureumpalacehotel.com/
    အထက်ပါ တည်းခိုခန်းတွေက တစ်ညကို ဒေါ်လာ အနည်းဆုံး ၁၅၀ ကနေစပြီး ပုဂံ ကဟိုတယ်ဆိုရင် အရင်တုန်းက (၂)ခန်းပဲ ပါတဲ့အခန်းဆိုရင် တစ်ညဒေါ်လာ ၇၀၀ နီးပါးရှိပါတယ်။ ဘာတွေပါလည်းဆိုရင် အဲ့ဒီအခန်းက ၂ထပ်ဆောင် လိုမျိုး ဆောက်ထားပြီး အခန်းရှေ့ မှာတော့သီးသန့်ရေကူးကန်လေးနဲ့ပါ….။ ရှင်ဘုရင် ပုဆိုးပိုးချည်းပဲ လို့ မသုံးချင်ပါဘူး သူခိုးကြီးတွေက နိုင်ငံသစ်တောတွေ ပြည်သူ့ ဘဏ္ဍာတွေကို သူ့ အမေလင် ပစ္စည်းလို ထင်တိုင်းသုံးနေကြတာလေ..။ ဒမြတွေ ပိုင်တဲ့ ပစ္စည်းဆိုတော့  နိုင်ငံတွင်းက ကောင်းပေ့ ညွှန့်ပေ့ဆိုတဲ့ ကျွန်းသစ်တွေ.. ကြိမ်တွေ သုံးထားလိုက်ကြတာ .. လာတည်းခိုတဲ့ နိုင်ငံခြားသားတွေတောင် အံ့သြလက်ဖျား ခါကျပါတယ်…။

    သစ်တောထဲကနေ လက်ညှိုးထိုး ခုတ်လာတဲ့  ကျွန်းသစ်တွေကို အသားကျအောင် အခြောက်မခံပဲ လိုချင်တာ တစ်ခါတည်း တန်းပြီးဆောက်တော့ အသားမကျသေးတေ့ ကွဲကုန်တာပေါ့ .. ဒီလို ကျွန်းတစ်ပင်ရဲ့ တန်ဖိုးကို လုံးဝမသိ နားမလည်တော့ လုပ်ချင်တိုင်း လုပ်ထားတာလေ… အသားကျအောင် မထား သေချာ ပေါင်းမတင်တော့ ကွဲနေတဲ့  သစ်သားခုံတွေ တိုင်တွေ ပစ္စည်းတွေကို ကြည့်ကြည့် ပြီး အင်မတန်မှ နှမြောတသ ဖြစ်မိရတယ်လေ.. ဒီလောက်တောင် ခုတ်ချင်တိုင်း ခုတ်နေမှတော့ ကုန်ြပီပေါ့ … ဒါကတော့ မောင်တေဇရဲ့  Aureumpalace က First Class ကြယ်ငါးပွင့် သတ်မှတ်လို့ရတဲ့ အတန်းစားတွေပေါ့…. ဘယ်ဈေးကွက်မှ မလွတ်သွားအောင် Deluxe ဟိုတယ်အဆင့်တွေပေါ့… ရန်ကုန်မှာ Deluxe အဆင့်ရှိတဲ့ ဟိုတယ်တွေကတော့ Strand Hotel, Sedona, Governor Resident တို့နဲ့ တေဇပိုင်တဲ့ Aureumpalace တို့ပဲရှိပါတယ်…။ ထူးခြားတာက တေဇဟိုတယ်တွေက နယ်တွေမှာ ရှိပြီးမြေနေရာ များများ ကျယ်ကျယ် သုံးနိုင်တဲ့ အတွက်ကြောင့် သတ်မှတ်ထားတဲ့ တစ်ခြားဟိုတယ်တွေထက် သာလွန်ကောင်းမွန်နေတာပေါ့။

    Tayza Hotel
    အောက်က လင့်ကတော့ တေဇ Second Class လို့ သတ်မှတ်ထားတဲ့ ဟိုတယ်တွေပါ…. Second Class ကတော့ ရန်ကုန်က Chatrium (ယခင် Hotel Nikko), Grand Plaza park Royal တို့နဲ့ အဆင့်တူတွေပါပဲ.. http://www.myanmartreasureresorts.com/ ဒီအပေါ်က Myanmar Treasure Resorts Group ကတော့ သူ့ရဲ့ဒုတိယတန်းစားလို့ သတ်မှတ်လို့ ရတဲ့ ဟိုတယ်တွေပါ အုတ်ကတော့ ဘယ်က ရလည်းမသိပေမယ့်  ကျွန်းသစ်နဲ့ လိုအပ်တဲ့ သစ်တွေကို အခန်းထဲ မှာ ကြိမ်နဲ့ လုပ်မယ့် မီးအုပ်ဆောင်းတွေ အတွက်ကတော့ တောထဲ ကနေ ခုတ်ချင်တိုင်း လက်ညှိုးထိုး ခုတ်ခွင့် ရထားတယ်လေ…။ ဘိလပ်မြေက လည်းသူတို့စက်ရုံ သို့မဟုတ် အစိုးရ ဘိလပ်မြေ စက်ရုံ ကနေ ယူရုံပါပဲ သယ်ဖို့ ကားတွေကလည်း လိုင်စင်မဲ့ကားတွေက ဖောချင်းသောချင်း.. တစ်ခြားခရီးသွား ကုမ္ပဏီက ကားတစ်စီးဝယ်ဖို့ ပါမစ်တွေ ကျအောင် မနည်းလုပ်နေရတဲ့ အချိန်မှာ.. သူ့ကတော့ ကြိုက်တဲ့ကားသွင်းချင်တိုင်း သွင်းခွင့် ရှိတယ်လေ.. အင်း.... ကားဝယ်တဲ့ ပိုက်ဆံက လည်းလိုသလောက် ရိုက်ထုတ်လို့ ရလောက်အောင် ဖြစ်နေလောက်တဲ့ငွေ ၀န်ထမ်းတွေကို ပေးတာကလည်း ပြည်သူတွေရဲ့ လုပ်ပိုင်ခွင့်တွေ သူတစ်ဦးတည်း မောင်ပိုင်စီးထားပီး လက်နက် အရောင်းအဝယ် လုပ်တာတွေ ကနေ နေတဲ့ ၀င်ငွေတွေပေါ့...။ ဒါကြောင့်လည်း အနည်းဆုံးလခ အနိမ့်ဆုံးဝန်ထမ်းတွေက ဒေါ်လာ ၁၀၀ ကနေ မာန်နေဂျာ အဆင့်ဆိုရင် ဒေါ်လာ ၁၅၀၀ အထိရကြပါတယ်။ အာဏာပိုင်တွေ ရဲ့သားသမီးတွေပဲ ခေါ်သုံးတာ များပါတယ်။

    Tayza Hotel
    ပုဂံကတေဇပိုင်ဟိုတယ်..
    ကောင်းပြီ သူတို့က အခွင့်ထူးခံတွေ ဥပမာ ဦးမောင်အေး ရုရှားသွားတယ် ဆို သူပါတယ် လုပ်ငန်းရှင်နေရာတွေမှာ သူ ပါတယ် ဒီတော့ ဘာလုပ်ငန်းမဆို သူတို့နဲ့ တခါတည်း ချိတ်ဆက်ထားပြီးပြီ သူရဲ့ခရီးသွားလုပ်ငန်းမှာ လေယာဉ်ရှိတယ် ကားကောင်းရှိတယ် ဟိုတယ်ရှိတယ် သူ့မှာ ၀န်ထမ်းပဲ လိုတယ် ကျန်တဲ့ အစိုးရရဲ့ နည်းလမ်းအတိုင်း လုပ်ဆောင်နေရတဲ့ မှန်မှန်ကန်ကန် ကားစုတ်လောက်ကို တန်ဖိုးကြီးပေးပြီးဝယ်ပြီး သုံးနေရတဲ့ တခြားလုပ်ငန်းရှင်တွေ က သူတို့ နဲ့ ဘယ်လို မှလိုက်ပြီးယှဉ်ပြိုင်ဖို့ ဆိုတာ မလွယ်ပါဘူး ..။ နောက်လုပ်ပိုင်ခွင့် အာဏာကလည်း သာမာန်ဗိုလ်ချုပ် အဆင့်ထက် အများကြီး လုပ်ပိုင်ခွင့်ရှိတယ်လေ.. နေရာတိုင်းကိုလိုက်ပီး သာမန် ပြည်သူတွေရဲ့ ရပိုင်ခွင့် တွေ ကို လိုက်လုယူနေတာတွေ သူ့ ဝန်ထမ်းတွေ ခန့်ထားတဲ့ ( အစိုးရအသိုင်းအ၀ိုင်းက လူကြီးသားသမီးတွေ) အများစုပါပဲ…။ အများစု ကလည်းအတော်ကို ဘ၀င်မြင့်ကုန်ကျတယ်လေ.. တို့အဖေကြီးကိုကာကွယ်မည်လို ဖြစ်နေကြတာပေါ့..။

    ငွေဆောင်မှာက ဟိုတယ်ကြီး ၃ ခု ရှိပါတယ်… ၂ခုက သူကိုယ်တိုင် ဆောက်ထားပြီး ကျန်တစ်ခုကတော့ ဦးပိုင်ကဟိုတယ် ကိုပြန်ယူပြီး ပြန်ပြင်ပြီးဆောက်ထားပါတယ်… တခြား ဟိုတယ်တွေကတော့ အင်းလေး မေမြို့  ရန်ကုန် ပုဂံ ပုပ္ပါး မှာရှိပါတယ်..။
    Tayza Hotel
    ကျွန်းသစ်တွေနဲ့ ပတ်ပြီး ဆောက်ထားတဲ့ တေဇပိုင် နန်းမြင့်မျှော်စင်
    ပုဂံမှာရှိတဲ့ နိုင်ငံတကာ ကန့်ကွက်တဲ့ ကြားက ဆောက်ထားတဲ့ နန်းမြင့် မျှော်စင် ကလည်း တေဇ ဆောက်ထားပါ… အခုနောက်ပိုင်း ဘုရားတွေပေါ် တက်ခွင့် မပြုပဲ အဆိုပါ နန်းမြင့် မျှော်စင်(ပုဂံတာဝါ) မှနိုင်ငံခြားတွေကို တက်ရောက်ကြည့် ပြုခွင့်ပြုပါတယ်… တစ်ဦးကို ၁၀ဒေါ်လာပေးရပါတယ် အဆိုပါရရှိတဲ့ ငွေတွေကို ရှေးဟောင်း ယဉ်ကျေးမှု ဋ္ဌာနက မရရှိပဲ တေဇက သာရရှိပါတယ်။ အဆိုပါ မျှော်စင်ကို အပြင်ကနေ ကျွန်းသစ်တွေနဲ့ ပတ်ပြီး ဆောက်ထားတာပေါ့… ပုဂံငွေဆောင် ကားလမ်းတလျှောက် ခုတ်ထားလိုက်တဲ့ သစ်တောတွေ တောင်ကတုံးကိုဖြစ်လို့ …. ပြန်စိုက်ထားပါတယ်ဆိုတဲ့  သစ်ပင်တွေက မစို့မပို့ သစ်တောတွေ ပြုန်းတီးတော့ ရာသီဥတုတွေ ဖောက်ပြန် ပြီး အပူတွေလွန် တာတွေဖြစ်လာတယ်လေ။ ဒီအကျိုးဆက်တွေကို သူတို့သိတယ်လေ.. စီးပွားရေး အသိုင်းအဝိုင်းမှာ သူ့ကို ကပ်ဖားလျှက်ဖား လုပ်နေတဲ့ သူတွေကတော့ အရိုးအရင်းလေး ကိုက်ရမလားဆိုပြီး… ကိုတေဇ ကိုတေဇနဲ့ပေါ့။ မှန်မှန်ကန်ကန် စီးပွားရေးလုပ်စားနေတဲ့ သူတွေကတော့ ငတေ လို့ပဲ ခေါ်ကြတယ်လေ။ သူတို့က ဒီအတန်းစား ဟိုတယ်တွေက တညကို ဒေါ်လာ ၉၀ ကနေ (မြန်မာငွေ တစ်သိန်း) အနည်းဆုံးစပါတယ်။

    ဇာတ်တူသားစားတဲ့ သူတို့ တွေရဲ့  အရှက်မရှိကြတဲ့ လုပ်ရပ်တွေအတိုင်း တစ်ယောက်အရေးနိမ့် ရင် တယောက် က ချက်ချင်း အုပ်စိုးလို်က်တာတွေ ဆိုတာလည်း အဲ့လိုပါပဲ … ဥပမာ တစ်ခု အနေနဲ့ ပြောရရင် အရင် က ချောင်းသာ သွားဖူးသူတိုင်း သိမှာပါ.. မင်းမင်းစိုး ဟိုတယ်ဆိုရင် ချောင်းသာနဲ့ ပုပ္ပါး မှာလည်း ရှိခဲ့ ပါတယ်.. နောက်ပုဂံမှာလည်း ရှိခဲ့ပါတယ်။ မင်းမင်းစိုးနာမည်နဲ့တော့ မဟုတ်ခဲ့ပါဘူး အရင်လယ်ယာနဲ့ ဆည်မြောင်းဝန်ကြီး ဗိုလ်ချုပ်ညွန့်တင်ရဲ့ သားပိုင်တဲ့ဟိုတယ် တခုပါ သူ့အဖေ ဒေါ်လာတွေ ရွှေချောင်းကိစ္စတွေနဲ့ အရေးနိမ့်တော့  သူ့သားရဲ့ဟိုတယ်လည်း ပြန်အသိမ်းခံရပါတယ်...။ ဗိုလ်ချုပ်ညွန်တင်ရဲ့သား ကတော့ အရင်က စစ်အစိုးရဘက်ကို မျက်ရည်ခံထိုးပြီး ဘက်ပြောင်းလိုက်တဲ့ ဂျပန်က ငိုလွယ်ရီလွယ် နာမည်ကြီး ဒေါ်မြမြဝင်းရဲ့ သားမက်ဖြစ်ပြီး.. ရုပ်ရှင်တွေဘာတွေ ရိုက်လိုက်သေးတဲ့ ရွှေသွေးရဲ့ ယောက်ဖပါပဲ ..လက်ရှိမှာ ဂျပန်နိုင်ငံမှာ ဘာမှမလုပ်ပဲ ရန်ကုန်ကနေ မလာတဲ့ ပြည်သူ့ စည်းစိမ်တွေနဲ့ ခလေးတွေကို ကောင်းပေ့ဆိုတဲ့ ကျောင်းမှာထားပြီး ဂျပန်တွေကနေ သူဌေးလို့အသိအမှတ်ပြု ရလောက်အောင် နေနေတဲ့သူပါပဲ အဲံ့ဒီ မင်းမင်းစိုးရဲ့ ဟိုတယ်လုပ်ငန်းတွေကို Amata Resortက ပြန်ယူပါတယ် ပြီးတော့ ဟိုတယ်ကို နာမည်ပြောင်း လိုက်ပါတယ်။

    အဲ့တော့ ဒီလိုအကောင်ကြီးကြီးတွေနဲ့ ပတ်သတ်သူတွေပိုင်တဲ့ ဟိုတယ်တွေက ဘယ်ဋ္ဌာန ဘယ်သက်ဆိုင်ရာတွေက အခွန်ကောက် အစစ်အဆေး လုပ်ရဲမလဲဆိုတာ စဉ်းစားတာ ကြည့်တော့ ကိုဒီမိုရေ..။

    အောက်မှာ ဖော်ပြထားတာ တွေကတော့.. ရွှေတောင်ကြားမှာ ရှိတဲ့ တေဇရဲ့ ဟိုတယ်တွေ ဆက်သွယ်နိုင်တဲ့ ရုံးခန်းနဲ့ လိပ်စာပါ.... စိတ်ဝင်စားရင် ဆက်သွယ် နိုင်ပါတယ်..။

    41 Shwe Taung Gyar Road, Bahan Township, Yangon, Myanmar.
    Tel: +95-1-503816, 503824,503826, 502648, 502649
    Fax:+95-1-527434
    E-mail:
    Website: www.aureumpalacehotel.com, www.aureumresortandspa.com
    www.aureumresortsandspa.com, www.aureumpalace.com, www.aureumpalace-bagan.com
    www.aureumpalacebagan.com, www.thebesthotelinmyanmar.com

    အောက်ကတော့ ဗိုလ်ချုပ်သန်းရွှေသား.. ကြိုင်ဆန်းရွှေ ပိုင်တဲ့ ပုဂံသံတဲ ဟိုတယ်ပါ...။

    Thande Hotel
    ဗိုလ်ချုပ်သန်းရွှေသား.. ကြိုင်ဆန်းရွှေ ပိုင်တဲ့ ပုဂံသံတဲ ဟိုတယ်ပါ...။
    Thande Hotel
    ဗိုလ်ချုပ်သန်းရွှေသားပိုင်တဲ့ ဧရာဝတီ မြစ်ကမ်းနားက သံတဲဟိုတယ် ကိုဆက်သွယ်နိုင်တဲ့ လိပ်စာနဲ့ အီးမေးလ်...
    http://www.hotelbaganthande.com/

    For Reservation in Yangon, Myanmar

    Address :
    No.75 (D), Banyadala Road, Bahan Township, Yangon, Myanmar.
    Telephone :

    95-01-546225, 546226, 703992, 727498, 543963
    Fax :
    95-01-546227

    Email :
    thandeoffygn@myanmar.com.mm

    reservation@baganthandehotelgroup.com

    sales@baganthandehotelgroup.com

    frontoffice@baganthandehotelgroup.com
    3. Bagan Thande Hotel

    Telephone :

    95-61-60025, 60031, 60964
    Fax :

    95-61-60050
    Email :

    baganthande@mptsat.com.mm

    frontoffice@baganthandehotelgroup.com
    URL
    Address :

    http://www.hotelbaganthande.com/

    ကိုဒီမိုရေ စာလည်းရှည်သွားပြီ.. ကျတော်နောက် ထပ်ပြီး ပို့ပေးပါဦးမယ်..။ အခုဒီမှာပါတဲ့ လိပ်စာတွေ အီးမေးလ်တွေ ကိုတော့ အားလုံးသိအောင် ဖော်ပြပေးလိုက်တာပါ....။ ကျွန်တော်တို့ GRW အဖွဲ့အနေနဲ့ အာဏာရှင်နဲ့ ပတ်သတ် ဆက်နွယ်နေသူတွေ အားလုံးကို ဆက်လက် စုံစမ်းဖော်ထုတ်ပေးသွားမှာပါ...။ အားလုံးကလည်း ဝိုင်းဝန်းကူညီ ဖော်ထုတ်ပေးစေလိုပါတယ်...။

    စစ်အာဏာရှင် ဆန့်ကျင်နေသူအားလုံးအား အထူးလေးစားလျှက်..

    အတွင်းသိ (GRW)

    ဓာတ်ပုံကတော့ ၂၀၀၉ခုနှစ် ၉လပိုင်း ၁၄ရက်နေ့က တေဇပိုင် ထူးကုမ္ပဏီနှင့် တရုတ်ကုမ္ပဏီတို့ စာချုပ်ချုပ်ဆိုခဲ့တဲ့ပုံပါ..။

    ဒီမိုဝေယံမှ facebook မှ ပြန်လည်ဖော်ပြသည်
    Read more...

    Wednesday, February 1

    0

    ဖြုတ်ချက်များသော “လေးစားမိသော ဘလော့ဂါ” ဆောင်းပါး

  • Wednesday, February 1
  • New Generation 2010


  • တိုးတက်လာနေတဲ့ နည်းပညာ ခေတ်ကြီးထဲမှာ ပြောလို့ မကုန်တဲ့ အကြောင်းအရာတွေက
    များစွာရှိတယ်။ Online လို့လူငယ်လေးတွေပြောနေကြတဲ့ Internet ထဲမှာ
    အသိုင်းအ၀ိုင်းတစ်ခုက သီးခြားရှိနေတယ်။ ဘယ်အသိုင်းအ၀ိုင်း
    လဲလို့မေးရင်ဘလော့ဂါ(Blogger)တွေပါ။ စာပေ လောကနဲ့ နှိုင်းယှဉ်ပြီးပြောရရင် ဘလော့
    ဂါတွေကလည်း သူတို့အသိုင်းနဲ့ သူတို့ စည်းစည်းလုံးလုံး ရှိကြတာကို တွေ့ရပါ
    တယ်။ Blogger ဆိုတာက Google က Free ပေးထားတဲ့ servic တစ်ခုပါ။ ဒီ ကောင်က
    Website တစ်ခုလို ဖန်တီးခွင့် ပေးထားတာဖြစ်တဲ့ အတွက် စာရေးလို သူ၊
    နည်းပညာမျှဝေလိုသူ၊ ဘာသာရေး အားလုံးကို ဘလော့စာမျက်နှာပေါ်မှာ
    မြင်တွေ့ရမှာပါ။ ဘလော့ဂါတွေကို အားကြပြီး အသုံးပြုလိုသူ လူငယ်လေး
    တွေအတွက် ဘလော့ကို ဘယ်လို create လုပ်ရမယ်။ လန်းဆန်းလှပအောင် ဘယ်လို
    တန်ဆာဆင်ရမယ် စသည်အား ဖြင့် အထောက်အကူ ဖြစ်မယ့် ဘလော့ နဲ့ သက်ဆိုင်တဲ့
    နည်းပညာတွေကို သီး သန့် မျှဝေပေးနေတဲ့ ဆိုဒ်တစ်ခုကိုလည်း တွေ့မြင်ရပါတယ်။
    KP3 family (www.kp3family.blogspot.com) မှာ Blogger နဲ့သက်ဆိုင်တဲ့
    နည်းပညာအားလုံး ဖတ်ရှု ပြီး ကိုယ်ရေးမယ့် ဘလော့လေးကို လာ ရောက် ဖတ်ရှုသူတွေ
    စိတ်ဝင်စားမှု ရှိအောင် ပြင်ဆင်နိုင်ပါတယ်။
    ကွန်ပျူတာနယ်ပယ်ထဲကို ၀င်လာ တဲ့ လူငယ်လေးတွေဟာ ဘယ်နေရာက ပညာရနိုင်မလဲ။
    မသိသေးတာ မကျွမ်း ကျင်သေးတာ တွေအတွက် အထောက် အကူရနိုင်မယ့် နေရာတွေကို
    ရှာကြ ဖွေကြရတာပဲ။ ဒီလိုကွန်ပျူတာ နယ်ပယ် ထဲ ရောက်လာပြီဆိုတာနဲ့
    ကျွန်တော်တို့ အစောဆုံး ရင်းနှီးခွင့် ရတာတော့ ကိုညီနေမင်းရဲ့ နည်းပညာ
    မျှဝေပေးတဲ့ ဘလော့ပဲဖြစ်ပါတယ်။ သူသူကိုယ်ကိုယ် မသိတာ အကူအညီလိုတာ
    အားလုံးကို ကိုညီနေမင်းက တတ်နိုင်သလောက် ကူညီဖြေရှင်း ပေးတယ်ဗျာ။
    သူ့ဘလော့ လိပ်စာကတော့ (www.nyinaymin.org)။ ဒီဆိုဒ်ဟာ ကိုညီနေမင်း
    အသစ်ပြောင်း လိုက်ရတဲ့ဆိုဒ်ပါ။ အစောပိုင်းက ကိုညီ နေမင်းရဲ့ဆိုဒ်ကို
    မတော်မလျှော်တဲ့ ရုပ်ပုံ တွေနဲ့ ဆင်တူရိုးမှားလုပ်ပြီး အထင်လွဲ အမြင်လွဲ
    ဖြစ်အောင် တိုက်ခိုက်တာမျိုး လည်း တွေ့မြင်လိုက်ရပါတယ်။ ဒါက
    အစောပိုင်းမှာ ဖြစ်သွားခဲ့တာပါ။ ကိုညီ နေမင်းရဲ့ မွေးနေ့အတွက် တင်ထားတဲ့
    ဆောင်းပါးလေး တစ်ပုဒ်ကို ဖတ်ရတော့ သူရဲ့ ရည်ရွယ်ချက်နဲ့ ဘယ်လိုမျိုး
    တိုက် ခိုက်မှုတွေလုပ်လုပ် ရည်ရွယ်ချက်က သူကွန်ပျူတာနယ်ပယ်ထဲ
    ခြေစုံပစ်ဝင်တဲ့ အချိန်မှာ ဒုက္ခမျိုးစုံကြုံတွေ့ခဲ့ရပြီး အခု
    အနေအထားမျိုးမှာ ကွန်ပျူတာနယ်ပယ် ထဲကို ရောက်လာတဲ့ လူငယ်လေးတွေ အတွက်
    တက်နိုင်သလောက်အကူအညီ ပေးနေခြင်းပါပဲတဲ့။ မိဝေးဖဝေးတိုင်းတပါး
    မှာသွားရောက် အလုပ်လုပ်ကိုင်ရင်း အချိန်လုပြီး အကူအညီ တောင်းလာတာ တွေ
    မေးမြန်းလာတာတွေကို တက်နိုင် သလောက်ဖြေရှင်းပေးနေဆဲပါပဲ။
    နောက်တစ်ခုက စာရေးဆရာ အမည်မခံတဲ့ ဘလော့ထဲကစာရေးဆရာ တွေပါ။ သူတို့တွေဟာ
    စာမူခရတဲ့ စာရေး ဆရာတော့မဟုတ်ဘူး။ ပုံနှိပ်စာလုံးပေါ် မတင်ရပေမယ့်
    သူတို့တွေရဲ့ ရေးသားမှု တွေမှာရသမြောက်စာပေတွေ၊ ဗဟုသုတ ပေးနိုင်တဲ့
    အကြောင်းအရာတွေ များစွာ ပါဝင်ပါတယ်။ ကိုယ်တွေမသိနိုင်တဲ့ နိုင်ငံ တကာမှာ
    ရောက်နေတဲ့ Blogger တွေ ဟာ သူတို့တွေ့ရကြုံရတဲ့ အတွေ့အကြုံ ဗဟုသုတတွေကို
    မျှဝေပေးနေခြင်းဟာ ကိုယ်တိုင် မရောက်ပေမယ့်လည်း ကမ္ဘာ
    တစ်ခွင်ကအဖြစ်အပျက်တွေကိုဗဟုသုတ အဖြစ် ရရှိစေနိုင်ပါတယ်။ သူတို့တွေ
    အချိန်ပေးပြီး ဘလော့ရေး နေကြတာ ငွေကြေးအတွက် မဟုတ်ဘူး။ မျှော်လင့်
    လို့လည်းမရပါဘူး။ သူတို့မှာ ၀ါသနာအခံ ရှိတယ်။ စာရေးဆရာတွေကို အားကျ တယ်။
    တတ်နိုင်သလောက် ကြိုးစားပြီး ရေးကြတယ်။ သူတို့အတွက် အစားထိုး စာမူခကတော့
    မှတ်ချက် တွေပါပဲ။ဘလော့တွေဟာ တစ်ခုနဲ့တစ်ခု လင့်ချိတ် ထားကြပြီး
    အပြန်အလှန်ဖတ်ရှုကြတယ်။ မှတ်ချက် ပေးခဲ့ကြတယ်။ အဲဒါ သူတို့ အတွက်
    စာမူခပါပဲ။
    ပြည်ပမီဒီယာ တစ်ခုက အယ်ဒီတာ တစ်ယောက်ရဲ့ အပြောအရြူသါါနမ တွေရဲ့
    အခန်းကဏ္ဍဟာ အရေးပါလှပါ တယ်တဲ့ ။ ရုရှားမှာ ဖြစ်ပျက်သွားတဲ့ သတင်းတစ်ခုနဲ့
    ပတ်သက်ပြီး ဘယ် သတင်းကမှ မတတ်လာသေးတဲ့ အချိန် မှာ ဘလော့တစ်ခုမှာ အားလုံး
    စုပြုံပြီး ၀င်ကြည့်ခဲ့ရတယ်ဆိုတဲ့ အကြောင်းပါ။ Blogger တွေဟာ
    ကိုယ်နဲ့နီးစပ်ရာမှာ ဖြစ် ပျက်နေတဲ့သတင်းလို့ဆိုရမလားပြဿနာ လို့ပြောရရင်
    ပိုကောင်းပါတယ်။ သတင်း ထောက်မဟုတ်ပေမယ့် သူတို့ရဲ့ မျှဝေမှု ကြောင့်
    ဒုက္ခရောက်နေတဲ့ ပြဿနာ သော်လည်းကောင်း၊ မတော်မတရားမှု တွေကိုသော်လည်းကောင်း
    အားလုံးသိရှိ ပြီး ၀ိုင်းဝန်းဖြေရှင်း ပေးနိုင်ကြပါတယ်။ သုံးသပ်ချက်
    တွေကိုပါ လွတ်လပ်စွာရေး သားကြတဲ့အတွက် ဖတ်ရှုသူအနေနဲ့ အမှန်အမှားကိုပါ
    တစ်ခါတည်း သိရှိနိုင် တဲ့ သတင်းမျိုး ဘလော့ဂါတွေက ဖန်တီး
    နိုင်ပါတယ်။ယနေ့အချိန်မှာတော့ Facebook လိုအများသုံး Social Network ကို
    လူကြီး၊လူငယ် အသုံးများလာတဲ့အတွက် ဘလော့ဂါတွေရေးသမျှအကြောင်းအရာ တွေကို
    င်္ခေနဘသသု ပေါ်မှာ တွေ့မြင်ကြရ မှာပါ။
    နောက်ဆုံး ဘလော့ တစ်ခုကို အညွှန်းပြုချင်တာက ကိုသစ်ထူးလွင်ရဲ့ Myanmar
    News Now ဆိုတဲ့ ဘလော့ ဟာ မြန်မာနိုင်ငံနဲ့ဆိုင်တဲ့ ပြည်တွင်း ပြည်ပ
    သတင်းမီဒီယာတွေက ဖော်ပြတဲ့ သတင်းတွေကို စုစည်းဖော်ပြ ပေးထားတဲ့ အပြင်
    ပေးပို့လာတဲ့ သတင်းတွေကို လည်း ဖော်ပြပေးနေတာတွေ့ရလို့ သူရဲ့ ဘလော့ဟာတော့
    မီဒီယာတွေအတွက် အထောက်အကူပြု ဘလော့ တစ်ခုလို ဖြစ်နေပါပြီ။ ဒါအပြင်
    နိုင်ငံတကာ သတင်းမီဒီယာတွေမှာ ဖော်ပြတဲ့ မြန်မာ သတင်းတွေကိုလည်း
    လင့်ချိတ်ပေးထား ပါသေးတယ်။ မြန်မာသတင်းအစုံအလင် ကိုဖတ်ရှုနိုင်လို့
    လာရောက် ဖတ်ရှုသူများ ကလည်း အစဉ်မပျက်ရှိနေတာ တွေ့ရပါ တယ်။
    ရည်ရွယ်ချက်ကောင်းတွေနဲ့လုပ်နေ ကြသူတွေကို ချီးမွမ်းပြီး ဒီလိုဘလော့ထဲ
    မှာပဲ ဘာသာတရားကို စော်ကားတဲ့ သဘောတွေ အပုပ်ချတဲ့ တိုက်ခိုက်မှုမျိုး
    တွေလည်း တွေ့ရတော့ ဒီမိုကရေစီ လူ့ အသိုင်းအ၀ိုင်းမှာ
    လွတ်လပ်ခွင့်ဘောင်ကို ကျော်လွန်သွားပြီ ဆိုတာလဲ သုံးသပ်မိပါ တယ်။
    အင်တာနက်ဆိုတာကတော့ ထိန်းချုပ်ဖို့ ခက်ခဲတဲ့အတွက် လွတ်လပ်မှု ကို
    အခွင့်ကောင်းယူပြီး အလွဲသုံးစား မလုပ်ကြဖို့ကိုလည်း မေတ္တာရပ်ခံလိုပါ တယ်။
    မြန်မာပြည်မှာ အင်တာနက် အသုံး ပြုသူလူဦးရေဟာ အလွန်နည်းသေးတဲ့ အတွက်ရော
    နိုင်ငံတကာစံချိန်စံညွှန်းညီ မဖြစ်သေးတဲ့အတွက်ပါ တွင်ကျယ်မှုက တော့
    နည်းနေပါသေးတယ်။ Blogger ဆိုတာမျိုးကိုလည်း ကြည့်ရှုလို့မရအောင် ပိတ်ဆို့
    ထားခဲ့တဲ့အတွက် လူငယ်တွေ အလွယ်တကူမသိနိုင်ကြ သေးပါဘူး။ အခုအချိန်မှာတော့
    ဘလော့တစ်ခုကို အလွယ်တကူ ဖန်တီးနိုင်ပြီဖြစ်လို့ မည်သူ မဆို
    ကိုယ်နှစ်သက်ရာ မျှဝေဖြန့်ဖြူးနိုင် မယ့် အကြောင်းအရာတွေကို အလွယ် တကူ
    မျှဝေလိုတယ်ဆိုရင် Blogger ထဲမှာ ၀င်ရောက်ဖန်တီးပြီး ရေးသားနိုင်ကြပါပြီ။
    အင်တာနက်လိုင်းမကောင်းလို့ ပြောနေ ကြတာကိုလည်း အင်တာနက် အသုံးပြု
    သူလောက်ပဲသိမယ်။ တိုးတက်မှု နောက် မှာ နှေးကွေးစွာ ကျန်ရစ်ခဲ့ရတာက မလို
    အပ်ဘဲ ထိန်းချုပ်မှုတွေ လွန်ကဲနေလို့ပါ။ ဘလော့စာမျက်နှာတွေကို အလွယ်တကူ
    ဖတ်ရှုခွင့် ရလာလို့ Blogger တွေကို လေးစား အားကျမိတဲ့ အကြောင်းမျှဝေ ရင်း
    ဂုဏ်ပြုလိုက်ခြင်းပါ။  ။



    နောင်တော်လေး (ဘိုကလေး)

    ကျွန်တော်၏ လေးစားမိသော ဘလော့ဂါ ဆောင်းပါးတွင် တည်ဆဲအစိုးရနှင့်မည်သူ
    တစ်ဦးတစ်ယောက်ကိုမျှ ပုတ်ခတ်စော်ကားခြင်းမပါ။ ဘလော့ဂါများကို အညွှန်းပြု၍
    ဆောင်းပါးလေး တစ်ပုဒ်ဖြစ်အောင် ရေးသည်။ ကိုယ်တိုင်စိတ်တိုင်းကျ။
    သို့ပေသော်ငြားဖြုတ်ချက်များလွန်းလှ၍ မခံမရပ်နိုင်ဖြစ်ရသော်လည်း
    ကျွန်တော် မည်သို့မျှမတတ်နိုင် ဖြုတ်ချက်များကို အနီရောင်ဘောင်ကွက်၍
    ကြက်ခြေခတ်လိုက်ပါသည်။ လွတ်လပ်ပြီ ထင်၍ ဤဆောင်းပါးကို
    ရေးလိုက်ခြင်းဖြစ်သော်လည်း မလွတ်လပ်သေးကြောင်း သက်သေနှင့်
    တကွပို့လိုက်သည် ။
    Read more...

    Subscribe